1Q84 (Chapter-15)

မယ်ကျွိ(မြန်မာပြန်)

400 Kyats ကျပ်
...အထီးကျန်မှုတွေ၊ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဒဏ်ရာ ရခဲ့ဖူးတဲ့ ငယ်ဘဝ အဖြစ်အပျက်တွေထဲမှာ တွေ့ရပါမယ်။ အာအိုမာမဲ နေခဲ့ရတဲ့ ဘဝဟာ တခြားကလေးတွေရဲ့ ဘဝနဲ့ အရမ်းကို ကွာခြားတာကြောင့် ကျောင်းမှာ သူငယ်ချင်း ယောက်မှ မရှိဘူး။ သူငယ်ချင်းတွေနဲ့ ထွက်လည်ဖို့ အာအိုမာမဲမှာ ပိုက်ဆံလည်း မရှိဘူး။ အဝတ်အစားကောင်းလည်း မရှိဘူး။ မုန့်ဖိုးလည်း တခါမှ မရဖူးဘူး။ တကယ်လို့ မွေးနေ့လာဖို့ ဖိတ်ခံရရင်တောင် လက်ဆောင်ပေးစရာ ဘာမှ မရှိဘူး။ ဆိုးတယ် ပြောရမလား။ ကောင်းတယ် ပြောရမလားတော့ မသိဘူး။ ဘယ်သူမှလည်း သူ့ကို မွေးနေ့ မဖိတ်ကြဘူး။ အာအိုမာမဲမှာ သူ့ မိဘတွေကို မုန်းတဲ့ စိတ် ရှိနေခဲ့တယ်။ သူ လိုချင်တာ အများနည်းတူ ဘဝမျိုးလေးပါပဲ။ ပုံမှန် ဘဝလေးပဲ လိုချင်တာ။ ဒါပေမယ့် သူ မရခဲ့ဘူး။ သူ့ရဲ့ ပထမဆုံးနဲ့ ရင်ထဲမှာ အမှတ်တရ ရှိခဲ့ဆုံး ၊ လက်စဘီယမ် အတွေ့အကြုံကို မတော်တဆ မျှဝေခဲ့ဖူးတဲ့ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း တာမာကီ လက်ထပ်သွားပြီးနောက်မှာ … အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် တာမာကီ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီးနောက်မှာ … အာအိုမာမဲရဲ့ ဘဝ တဆစ်ချိုး ပြောင်းလဲသွားတော့တာပဲ။ လူတယောက်ကို သွေးအေးအေးနဲ့ စနစ်တကျ ရှင်းထုတ်ပစ်ပြီးသွားရင် သူ့ရဲ့ စိတ်တင်းမာမှုတွေ လျော့ကျသွားအောင် သူ့ စိတ်ကြိုက် ယောက်ျားတစ်ယောက်နဲ့ အိပ်တတ်ပေမယ့် အာအိုမာမဲဟာ အသက် ၃၀ နား ကပ်နေချိန်ထိ ချစ်သူ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် သူ အသက် ဆယ်နှစ်တုန်းကတော့ ကောင်လေးတစ်ယောက်ကို ချစ်ခဲ့ဖူးတယ်။ သူ့လက်ကို ကိုင်ခဲ့ဖူးတယ်။ ငါးတန်းရောက်ချိန်၊ အာအိုမာမဲက တိုကျိုကို ပြန်လာချိန်၊ အဲ့ဒီ ကောင်လေးကို ရှာမတွေ့တော့ဘူး။ အဆက်အသွယ် ပြတ်သွားတယ်။ ပြောရရင်၊ အာအိုမာမဲက အဲ့ဒီ ကောင်လေးကိုပဲ ခုချိန်ထိ ဘဝတစ်လျှောက်လုံး ချစ်နေခဲ့တာပဲ။ အခုထိ သူနဲ့ သွားရင်းလာရင်း မတော်တဆများ တွေ့မလားလို့ စိတ်ထဲ မျှော်လင့်နေတုန်းပဲ။
မယ်ကျွိ(မြန်မာပြန်) ရေးသားသော စာအုပ်များ
  • 1Q84 (Chapter-7)
    400 Ks
  • 1Q84 (Chapter-24)
    400 Ks
  • 1Q84 (Chapter-1-13) (စုစည်းမှု)
    1500 Ks
  • 1Q84 (Chapter-21)
    400 Ks
  • 1Q84 (Chapter-12)
    400 Ks
  • 1Q84 (Chapter-20)
    400 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • အချစ်ကြွေး (အပိုင်း-၂)
    500 Ks
  • နဂါးသူရဲကောင်း (စာစဉ်-၃)
    500 Ks
  • ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၅)
    500 Ks
  • ကောင်းကင်ဘုံစာကြည့်တိုက် (စာစဉ်-၄)
    Free
  • သုံးနိုင်ငံခေတ် (စာစဉ်-၈)
    Free
  • အချစ်ကြွေး (အပိုင်း-၃)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ