1Q84 (Chapter-10)

မယ်ကျွိ(မြန်မာပြန်)

400 Kyats ကျပ်
အီဘီဆုနို’ ဆိုတဲ့ ဇာတ်ကောင်တယောက် အသစ် ပါလာတယ်။ သူက ထူးဆန်းသလို သူပြောနေသမျှ အကြောင်းအရာတွေကို သိပ် နားမလည်ဘဲ အဆက်ပြတ်သလို ဖြစ်နေတဲ့ ‘တန်ဂို’ ရဲ့ အခြေအနေက ပိုပြီး ထူးခြားနေတယ်။ သူ့ ပတ်ဝန်းကျင်က ကမ္ဘာကြီးတခုလုံးဟာ Chapter (9) တုန်းက အာအိုမာမဲ ဖြစ်ပုံလိုပဲ ထိတ်လန့်ချောက်ချားဖို့ ကောင်းအောင် တဖြည်းဖြည်းနဲ့ ပြောင်းလဲ လှုပ်ရှားလာနေတာကို စာဖတ်သူ မြင်ရလိမ့်မယ်။ (အီဘီဆုနို) “အင်္ဂလိပ်လို ဘာသာပြန်ရမယ် ဆိုရင်တော့ ကျုပ်နာမည်ကို ‘ရက်စက်ကြမ်းကြုတ်ခြင်း လွင်ပြင်’ လို့ ဘာသာပြန်လို့ ရတယ်။ ယဉ်ကျေးမှု မနုဿပညာရှင် တယောက်နဲ့ အသင့်တော်ဆုံး နာမည်ပေါ့” … သူ့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းလာပေမယ့် မျက်လုံးတွေကတော့ ပြုံးမနေဘူး။ (ဖူကာအီရိ) ဆယ်ကျော်သက် ကောင်မလေး။ ပိုးသားလို နူးညံ့ပြီး တောက်ပနေတဲ့ အနက်ရောင် မျက်လုံးတွေရဲ့ ပိုင်ရှင် သူဟာ ခန့်မှန်းရ ခက်တယ်။ ‘လေပိုးမျှင်အိမ်’ ကို ဇာတ်လမ်းကို ဖန်တီးတာ သူပေါ့။ (တန်ဂို ကာနာဝါ) သင်္ချာအဓိက ကျောင်းသား၊ စခန်းသွင်းကျောင်း တခုမှာ သင်္ချာသင်တယ်။ ဝတ္ထုလည်း ရေးတယ်။ ဒါပေမဲ့ တန်ဂိုက အဲ့ဒီလိုမျိုး သင်္ချာဆရာ၊ စာရေးဆရာနဲ့လည်း မတူဘူး။ ‘လေပိုးမျှင်အိမ်’ ကို အသွေးထဲ အသားထဲကနေ ပြန်ရေးချင်နေသူ။ (ဂိုမတ်စု) စစ်မှန်တဲ့ စာမူကို လိုက်ရှာနေတဲ့ အယ်ဒီတာ။ သူက တသက်မှာ တခါပဲ တွေ့ရတတ်တဲ့ စာမူလိုမျိုးကို ရပြီ ဆိုတာနဲ့ လုံးဝ လက်မလွှတ်တော့တဲ့လူ။ (လေပိုးမျှင်အိမ်) လုံးဝ ထူးခြားတဲ့ စာမူတခုပဲ။ သိပ်ကို ထူးခြားလေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ ဝတ္ထု။ စာဖတ်သူရဲ့ စိတ်နှလုံးထဲကို ထုတ်ချင်းပေါက် ရောက်သွားနိုင်တဲ့ စွမ်းရည် အပြည့် ရှိနေတဲ့ အရာ။ ဒီ Chapter ကစလို့ အာအိုမာမဲနဲ့ တန်ဂိုတို့ရဲ့ ဆက်သွယ်မှုက ခပ်ရေးရေးတော့ ပေါ်လာပြီလို့ ထင်ရတယ်။ ဒါပေမဲ့ ဘယ်ထောင့် ဘယ်နေရာကနေ ရုတ်တရက် ဝင်ရောက်လာမလဲ ဆိုတာကတော့ စာဖတ်သူကိုယ်တိုင် ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။
မယ်ကျွိ(မြန်မာပြန်) ရေးသားသော စာအုပ်များ
  • 1Q84 (Chapter-9)
    400 Ks
  • 1Q84 (Chapter-6)
    400 Ks
  • 1Q84 (Chapter-24)
    400 Ks
  • 1Q84 (Chapter-18)
    400 Ks
  • 1Q84 (Chapter-14-24) (စုစည်းမှု)
    1500 Ks
  • 1Q84 (Chapter-4)
    400 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ခေါင်းပြတ် တစ္ဆေတစ်ကောင်ရဲ့ ကလဲ့စား
    200 Ks
  • သိုင်းပညာကမ္ဘာ (စာစဉ်-၁၇)
    500 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၉)
    Free
  • ချစ်ရသော (အပိုင်း-၈)
    400 Ks
  • မေတ္တာမဲ့ဓား (စာစဉ်-၁)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၈)
    1000 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ