ဖြစ်ချင်တာဖြစ်မောင်ဘချစ်

မင်းသိင်္ခ

800 Kyats ကျပ်
ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုတဲ့ ဝတ္ထုကြီးက ဆရာကြီးမင်းသိင်္ခရဲ့ ဘဝနေနည်းလမ်းညွှန်ကို ရသဝတ္ထုအနေနဲ့ ဇာတ်ကွက်ဆင် ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 'လူတစ်ရာမှာ တစ်ယောက်တောင် ဟန်ကျပန်ကျ ဖြစ်ခဲတဲ့၊ အောင်မြင်ခဲတဲ့ အနု့ပညာအလုပ်၊ ဥပမာ ဘိုင်စကုတ်မင်းသားအလုပ်၊ စာရေးဆရာအလုပ်၊ ဂီတသမားအလုပ်၊ ကြော်ငြာကိုယ်စားလှယ်အလုပ်၊ အသက်အာမခံ ကိုယ်စားလှယ်အလုပ် စတဲ့ အလုပ်မျိုးကို မရွေးချယ်ရဘူးကွ၊ ဒီအလုပ်မျိုးက အောင်မြင်ရင်တော့ အလွန်အင်မတန် ကောင်းပါတယ်၊ မအောင်မြင်ရင် ရေစုန်မျောမယ့် အလုပ်မျိုးတွေကွ၊ ဒါကြောင့် ကြပ်ကြပ်ရှောင်ပါ' ဆိုတဲ့ နီတိ။ ဒီနီတိမျိုးက ဘဝရည်မှန်းချက်ကို သူဌေးဖြစ်ဖို့ ရည်ရွယ်ထားတဲ့ သူတွေအတွက် မောင်ဘချစ်ရဲ့ ဆရာကြီးက မောင်ဘချစ်ကို ဆုံးမခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုကြီးမှာ ဘချစ်ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝလမ်းက အောင်မြင်ခြင်းပန်းတိုင်ကို သွားတဲ့ ခရီးစဉ်၊ မောင်ဘချစ်ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတွေက ယောက်ျားတစ်ရာမှ တစ်ယောက်မရှိနိုင်အောင် ထူးခြားလှပါတယ်။ ပြီးတော့ မောင်ဘချစ် လျှောက်ခဲ့ရတဲ့ ဘဝခရီးလမ်းတစ်လျှောက်က လောကဓံတွေ၊ လောကဓမ္မတွေ၊ လောကနေနည်းတွေက မှတ်သားစရာ အတုယူစရာတွေ အပြည့်နဲ့မို့ ဘဝကို အောင်မြင်တိုးတက်လိုသူတိုင်း ဖတ်သင့်တဲ့ နမူနာယူစရာ ရသဝတ္ထုရှည်ကြီး တစ်ပုဒ်ပါပဲ။
မင်းသိင်္ခ ရေးသားသော စာအုပ်များ
  • ဖြစ်ချင်တာဖြစ်မောင်ဘချစ်
    800 Ks
  • မြေလျှောက်ဝိဇ္ဇာရွှေမြသာ (ဇာတ်သိမ်းပိုင်း)
    800 Ks
  • မသွားမီက ရောက်နှင့်သည်
    800 Ks
  • မဟာမြိုင်ခရီးသည် (ဒုတိယပိုင်း-ဇာတ်သိမ်း)
    800 Ks
  • မနောမယမြသက်လယ်
    800 Ks
  • ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား
    800 Ks
'သည်းထိတ်ရင်ဖို စုံထောက်ဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • စုံထောက်စိန်ဘန်းနှင့် သရဲစံအိမ်၊ သလွတ်ထိုးသမားနှင့် စုံထောက်ဝတ္ထုတိုများ
    500 Ks
  • လေးကျွန်းမောင်ကြီး
    450 Ks
  • ဆားပုလင်းနှင်းမောင်နှင့် ဗိုက်ပူသူတော်
    800 Ks
  • ရလေလိုလေအိုတစ္ဆေ
    450 Ks
  • လက်ဖတင်နင်သံဟိတ်နှင့်သွေးစွန်းသောပန်းချီ
    600 Ks
  • ဆားပုလင်းမင်းအောင်နှင့်ဖော်မဲ့နှင်းဆီ
    450 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ