ကျွန်တော် ကျွန်မတို့သည်

မင်းလူ

800 Kyats ကျပ်
ဝတ္ထုဖတ်ပြီး အကြောင်းအရာကလွဲလို့ လှုပ်ရှားနေတဲ့ ဇာတ်ကောင်တွေဟာ စာဖတ်သူရင်ထဲ စိတ်ထဲမှာ မကျန်ခဲ့တာမျိုး ဖြစ်ဖူးကြလား။ ဒါဆိုရင်တော့ စာဖတ်သူဟာ ဆရာမင်းလူရဲ့ ဒီဝတ္ထုကို မဖတ်ဖူးသေးလို့ ဖြစ်ပါလိမ့်မယ်။ ပန်းချီဆရာ ကြော့မောင် နဲ့ ခပ်ယဉ်ယဉ်လေးလှပြီး ကဗျာချစ်တဲ့ သူရဲ့ ဇနီးချောလေး သက်ထား။ တစ်နှစ်မျှသာ ရှိသေးတဲ့ အိမ်ထောင်သက် ခပ်နုနု သူတို့အတွဲဟာ အနုပညာချစ်သူတွေပီပီ စိတ်ကူးယဉ်ဆန်တယ်။ ဥပမာ - အိမ်ထောင်သက် တစ်နှစ်ပြည့်မှ ရည်းစားဘဝကလို ပြန်နေကြတာမျိုးပေါ့။ စာဖတ်သူရဲ့ စိတ်အာရုံက သူတို့ အတွဲအပေါ်မှာပဲ ရှိနေမှာ မဟုတ်ပါဘူး။ ဘဏ်တစ်ခုမှာ လက်ထောင်ငွေစာရင်းကိုင် လုပ်နေတဲ့ ခင်မောင်ငြိမ်းနဲ့ သူရဲ့ ဇနီး မူလတန်းပြဆရာမ ဝင်းမာ။ ပြီးတော့ သူတို့အုပ်စုထဲမှာ အိမ်ထောင်မပြုသေးဘဲ ရည်းစားလည်းမရှိ လူပျိုကြီးလုပ်နေတဲ့ စိန်ထွန်း။ နောက်အတွဲက အေးဇော်နဲ့ သီတာမျိုး။ ကဲ … ‘ကျွန်တော်ကျွန်မတို့သည်’ ဆိုတာ ဘယ်လိုဝတ္ထုမျိုးလေး ဖြစ်မလဲ ?
မင်းလူ ရေးသားသော စာအုပ်များ
  • မိညီမ
    800 Ks
  • အချစ်နှင့် ဘောလုံး
    800 Ks
  • သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်
    1000 Ks
  • ချစ်သောပန်းကလေး
    800 Ks
  • နှုတ်ခမ်း၏ထောင့်စွန်းများ
    800 Ks
  • ယမကာ လုလင်
    800 Ks
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • အတိတ်ဟောင်းနဲ့ အလွမ်းကျောင်း
    500 Ks
  • ပါရာယန ၀တ္ထု
    600 Ks
  • တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့
    800 Ks
  • ပန်းတောမှာ ကြွေနေသည်
    600 Ks
  • ကွက်ကြားမိုး
    600 Ks
  • ခရမ်းနုရောင်မိန်းမရဲ့ ရွှေကြော်ငြာအရှုပ်တော်ပုံ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ