သေမင်းအမိန့် (တတိယပိုင်း - ဇာတ်သိမ်းပိုင်း)

ဘုန်းကြွယ်

500 Kyats ကျပ်
ညနေ ဆည်းဆာချိန်သို့ရောက်ရှိလာသောအခါ လုယန်မြို့နှင့် မိုင်အနည်းငယ်အကွာသို့ ရောက်လာသည်ကို တွေ့ရသည်။ ထိုစဉ် လူနှစ်ယောက်သည် သူ၏သွားလမ်းကိုပိတ်၍ ရပ်တန့်လိုက်လေသည်။ ထိုလူနှစ်ယောက်မှာ တစ်ယောက်က ကြေးမျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး ကျန်တစ်ယောက်က ငွေရောင်မျက်နှာဖုံး တပ်ဆင်ထား လေ သည်။ သူတို့တစ်ကိုယ်လုံး မီးခိုးရောင်ဝတ်စုံဖြင့် ခြုံလွှားထားသည်။ အဘိုးအို ခြေလှမ်းတုံ့ခနဲရပ်သွားသည်။ သူသည် အခြေအနေမဟန်မှန်း သိလိုက်လေသည်။ “မင်းတို့ ဘယ်ကလဲ”။ ထိုလူနှစ်ယောက် စကားတစ်ခွန်းမှမပြောပါ။ “ချွမ်း”“ချွမ်း” ဓားကိုယ်စီဆွဲထုတ်လိုက်ပြီး ဘယ်ညာညှပ်ပူးညှပ်ပိတ်ဖြင့် အဘိုးအိုအား တိုက်ခိုက်လေသည်။ အဘိုးအိုက ကမန်းကတန်း ရှောင်တိမ်းလိုက်လေသည်။ “ဟေ့ ကျုပ်ကို ဘာရန်ငြိုးနဲ့ အခုလိုတိုက်ခိုက်ရတာလဲ” ထိုနှစ်ယောက်က စကားမပြောဘဲ သည်းသည်းမည်းမည်း တိုက်ခိုက်နေသည်။ အဘိုးအိုသည် ခုခံတိုက် ခိုက်ရင်း နောက်သို့လှည့်ပြေးလေသည်။ ထိုနှစ်ယောက်က ထပ်ကြပ်မကွာ လိုက်သည်။ အဘိုးအိုသည် ထိုသူနှစ်ယောက် အနီးသို့ရောက်လာသည့်အခါမှ နောက်သို့ပြန်လှည့်၍ တိုက်ခိုက်လိုက် ၏။ အဘိုးအိုသိုင်းပညာမှာ မခေပါ။ ထိပ်တန်းသိုင်းသမားတစ်ယောက် အဆင့်မီသည်။ သို့သော် ထိုလူနှစ်ယောက်၏ သိုင်းပညာမှာလည်း အဆင့်မနိမ့်ပါ။ တစ်ယောက်ချင်းဆိုလျှင် အဘိုးအို အနေဖြင့် အသာစီးရနိုင်သော်လည်း ယခုမူ နှစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်နေရသဖြင့် အဘိုးအိုက တစ် ပန်းရှုံးနေသည်။ ထိုသူနှစ်ယောက်မှာ မိမိအားသုတ်သင်ရန် ပေ့ထင်းဝေက စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု နားလည် လိုက်သည်။ ထို့ကြောင့် အဘိုးအိုသည် ကြိုးစားခုခံရင်း လုယန်မြို့ဘက်သို့ ဦးတည်၍ တဖြည်းဖြည်းဆုတ်သွား၏။ ထိုလူနှစ်ယောက်သည် ပို၍ပြင်းထန်စွာတိုက်ခိုက်လာ၏။ ထို့ကြောင့် အဘိုးအို၏ခန္ဓာကိုယ်မှာ ဒဏ်ရာ သုံးလေးနေရာ ရရှိသွားလေသည်။ ထိုလူနှစ်ယောက်ပုံဟန်မှာ အဘိုးအိုအား အသေသတ်ရန်ဆုံးဖြတ်ထားသည်နှင့် တူလှပေသည်။ အဘိုး အိုသည် အသက်ပင်ကြီးသော်ငြားလည်း ဇွဲရှိသည်။ သတ္တိကောင်းသည်။ သူသည် ဒဏ်ရာရရှိထားသော်လည်း လွယ်လွယ်နှင့် လက်မလျှော့ပါ။
ဘုန်းကြွယ် ရေးသားသော စာအုပ်များ
  • သေမင်းအမိန့် (တတိယပိုင်း - ဇာတ်သိမ်းပိုင်း)
    500 Ks
  • အမိုက်မုန်တိုင်း (ပထမပိုင်း)
    500 Ks
  • နဂါးမျက်လုံးကျောက်စိမ်းအမြူတေ(တတိယပိုင်းဇာတ်သိမ်း)
    500 Ks
  • သေမင်းအမိန့် (ပထမပိုင်း)
    500 Ks
  • သခင်လေးဗေဒါ (ဒုတိယပိုင်း)
    500 Ks
  • သိုင်းကျမ်းနှင့်ဓားတစ်ခြမ်း (ဒုတိယပိုင်းဇာတ်သိမ်း)
    400 Ks
'သိုင်းဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • အမိုက်မုန်တိုင်း (ဒုတိယပိုင်း ဇာတ်သိမ်း)
    500 Ks
  • ကြမ္မာစေရာ သိုင်းအမြွှာ (ဒုတိယပိုင်းဇာတ်သိမ်း)
    400 Ks
  • သိုင်းလောက၏ စိန်ခေါ်သံ (စာစဉ်-၁၃)
    450 Ks
  • ဓားဘုရင်၏သွေးနိဂုံး (ပထမပိုင်း)
    300 Ks
  • အတ္တကျေးကျွန် (ပထမပိုင်း)
    400 Ks
  • အငြိုးကြီးသူ၏ ကျဆုံးခန်း (စာစဉ်-၁)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ