စုံထောက်စိန်ဘန်း မိုးကုတ်ပတ္တမြားကြီးသုံးလုံးနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ (၂)

နန္ဒစိုး

600 Kyats ကျပ်
"အပြစ်ရှိတဲ့ လူတစ်ရာ လွတ်နေပါစေ၊ အပြစ်မရှိတဲ့ လူတစ်ယောက် အချုပ်အနှောင်မခံရစေနဲ့... " (လောကနီတိစိန်ဘန်း) နယ်ချဲ့အစိုးရ ကြီးစိုးတဲ့ခေတ်မှာ ကိုယ့်အမျိုးဘာသာ၊ သာသနာနဲ့ အမျိုးသားတိုင်းပြည်အတွက် အသက်ကိုတောင်မမှုဘဲ စွန့်လွှတ်ရဲတဲ့ မျိုးချစ်လူငယ်လူရွယ် အမြောက်အများပေါ်ထွက်လာခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ လောကပါလတရားနဲ့အညီ ကျင့်ကြံနေထိုင်သူ၊ ကိုယ်ချင်းစာတရားရှိသူ၊ ပရဟိတစိတ်ရှိသူ၊ အနစ်နာခံတတ်သူ၊ မတရားမှုကို ရွံရှာမုန်းတီး ရှုတ်ချပြီး အမှန်တရားဘက်က အမြဲရပ်တည်သူ အလွတ်စုံထောက်ကျော် လောကနီတိစိန်ဘန်းလည်း တစ်ယောက်အပါအဝင်ပါ။ ဒီစာအုပ်မှာ မဂ္ဂဇင်းဝတ္ထုရှည် ငါးပုဒ်ပါပြီး တစ်ပုဒ်ချင်းစီမှာ စုံထောက်ကျော် ကိုစိန်ဘန်းရဲ့ မဟုတ်မခံတတ်တဲ့ စိတ်ဓာတ်၊ သတ္တိဗျတ္တိ၊ အားနည်းသူဘက်က အကာအကွယ်ပေးတတ်တဲ့ သူရဲကောင်းစိတ်၊ ခက်ခဲနက်နဲတဲ့ အမှုတွေကို သဲလွန်စကွင်းဆက်တွေဆက်စပ်ပြီး အမှုမှန်ဖော်ထုတ်နိုင်တဲ့ ထက်မြက်တဲ့ ဥာဏ်ရည်ဥာဏ်စွမ်းတွေကို အထင်ကြီးလေးစားဖွယ်တွေ့ရမှာပါ။ ဒါတင်မက ကိုလိုနီခေတ် လမ်းနာမည်တွေရဲ့ သမိုင်းကြောင်းနဲ့ ရန်ကုန်မြို့အနေအထား၊ လူနေမှုပုံစံတွေကိုပါ ဆရာနန္ဒစိုးက ဗဟုသုတရဖွယ် ထည့်ရေးထားပါသေးတယ်။ စုံထောက်ဥာဏ် ရင့်သန်ချင်တဲ့ စာချစ်သူတို့အတွက် စိတ်ဝင်စားမှုအပြည့်နဲ့ ပညာရစေမယ့် စုံထောက်ဝတ္ထုရှည်စုစည်းမှုစာအုပ်လေးတစ်အုပ်ပါ။
နန္ဒစိုး ရေးသားသော စာအုပ်များ
  • စုံထောက်စိန်ဘန်းနှင့် သရဲစံအိမ်၊ သလွတ်ထိုးသမားနှင့် စုံထောက်ဝတ္ထုတိုများ
    500 Ks
  • စုံထောက်စိန်ဘန်းနှင့် တြိမရဏစံအိမ်
    600 Ks
  • လောကနီတိစိန်ဘန်းနှင့် စနေသား အံပွား တိုက်မောင်း
    600 Ks
  • ကမ္ဘာကျော်စုံထောက်ဝတ္ထုများ
    600 Ks
  • တရားရုံးပေါ်မှ ကမ္ဘာသိ အချစ်မှုခင်းများ အတွင်းရေး
    500 Ks
  • စုံထောက်စိန်ဘန်း မိုးကုတ်ပတ္တမြားကြီးသုံးလုံးနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ (၂)
    600 Ks
'သည်းထိတ်ရင်ဖို စုံထောက်ဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • မောင်မင်းကြီးသားမောင်မြဖေ (ပထမပိုင်း)
    800 Ks
  • မင်းမေးတိုင်း ငါက ဖြေရမှာလား
    800 Ks
  • ဆားပုလင်းမင်းအောင်နှင့် အိပ်မက်ကျိန်စာ
    450 Ks
  • ရွှေချမ်းသာ ငွေချမ်းသာ
    Free
  • စတုတ္ထမြောက်ရင်သွေး
    450 Ks
  • ကမ္ဘာကျော်မောင်သာ
    450 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ