စီးပွားရေးကျရှုံးမှုအတွက် ပညတ်ချက် (၁၀)ချက်

ထင်ဇော်မှူးသင်(မြန်မာပြန်)

800 Kyats ကျပ်
‘ဤစာအုပ်သည် ကမ္ဘာတစ်ဝန်းရှိ ထူးခြားလှသည့် ကိုကာကိုလာ မိသားစုကြီးကို တည်ဆောက်ခဲ့သော အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မှ လူသားများအားလုံးကို ရည်ညွှန်းပါသည်’ ဆိုတဲ့ အညွှန်းစာသားနဲ့ ဆရာထင်ဇော်မှူးသင်ရဲ့ ‘စီးပွားရေးကျရှုံးမှုအတွက် ပညတ်ချက် (၁၀) ချက်’ ။ စီးပွားရေးလောကမှာ နှစ်ပေါင်း (၆၀) ကျော် ကျင်လည်ခဲ့တဲ့ ဂန္ထဝင်စီးပွားရေးသမားကြီး ဖြစ်တဲ့ ဒွန်ကီရော့ ရေးသားတဲ့ ဒီစာအုပ်က နယူးယောက်တိုင်းမ် ရဲ့ အရောင်းရဆုံး စာရင်းဝင် စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ဒွန်ကီရော့က သူ သိထား၊ တတ်ထား၊ နားလည်ထားသမျှကို ပြန်မျှဝေထားတဲ့ ရတနာတစ်ပါးပါပဲ။ ထူးခြားတာကတော့ စာတွေ့ပဲ ရှိပြီး လက်တွေ့မရှိတဲ့ စီးပွားရေးဂုရုကြီးတွေရေးသလို အောင်မြင်ရေးဖော်မြူလာမျိုးတွေ သူ မပြောထားပါဘူး။ ဒါတွေလုပ်ရင် ကျရှုံးသွားနိုင်တယ်ဆိုတဲ့ အချက်တွေကို သူက ပြောပြထားတာပါ။ အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုဆိုတာ လမ်းဆုံးမဟုတ်ဘဲ ကိုယ်သွားရမယ့်လမ်းမှာ ကိုယ့်ကို နောက်တစ်ဆင့် ထပ်တင်ပေးမယ့် အရာတစ်ခုလို့ ခံယူထားတဲ့ နယ်ပယ်အသီးသီးက လူတွေ ... လုပ်ငန်းက ဘယ်ရှုထောင့်ကကြည့်ကြည့် အောင်မြင်နေတယ်လို့ လက်ခံလို့ရနေလျက်နဲ့ တစ်ခုခုတော့ လွဲနေပြီလို့ သိနေတဲ့ လုပ်ငန်းရှင်တွေ ... ဒီလူတွေအတွက် ဒီစာအုပ်က စဉ်းစားစရာ လမ်းစပေးနိုင်တယ်။ လုပ်ငန်းစုံ၊ နိုင်ငံစုံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ခြောက်ဆယ်အတွင်းအားနဲ့ ဒွန်ကီရော့က လွှဲပြောင်းပေးမှာဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့ လူတွေအတွက်ကတော့ အချိန်မအားတဲ့ကြားက သေချာအချိန်ပေးပြီး ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ထင်ဇော်မှူးသင်(မြန်မာပြန်) ရေးသားသော စာအုပ်များ
  • စီးပွားရေးကျရှုံးမှုအတွက် ပညတ်ချက် (၁၀)ချက်
    800 Ks
'ဘဝအောင်မြင်ရေးနှင့် စိတ်ခွန်အားပေး စာအုပ်များ' စာအုပ် အမျိုးအစားများ
  • စေတနာစကား
    600 Ks
  • အကောင်းပြုပြင် အကောင်းမြင်
    600 Ks
  • သမီးလေးငေးကြည့်ဖို့ ကြယ်ပွင့်သေးလေး ဖြစ်ချင်တဲ့မေမေ
    800 Ks
  • အမြဲအစဉ် ပျော်ရွှင်စေဖို့
    600 Ks
  • လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး
    1000 Ks
  • သုည အတွေးရသစာစု
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ