နဂါးမာန်သိုင်း ပန်းချီလှိုင်း (ဒုတိယတွဲ)

တက္ကသိုလ်နေလင်းအောင်

500 Kyats ကျပ်
“ကိုင်း .. မောင်ရင် .. မင်းနဲ့ စကားဆက်ပြောရင် အချိန်ပဲ ကုန်သွားမယ် .. ဒီတော့ တစ်ပွဲတစ်လမ်း စမ်းကြစို့လား” နန်ဖိန်က စိန်ခေါ်လိုက်သည်။ ရှောင်လိန်သည် နန်ဖိန်ကို ကြည့်ရင်းမှ ခါးကြားထဲမှ ပလွေကို ထုတ်လိုက်သည်။ “ဖြစ်ပါတယ် .. ကျုပ်က အသင့်ပါပဲ” နန်ဖိန်က ခုန်ဝင်လာ၏။ သူ့လက်ထဲမှ ယပ်တောင်သည် လိပ်ပြာအဆောင် ခတ်သည်ထက် မြန်၏။ ဝှစ်ခနဲ ဝှစ်ခနဲ ရှောင်လိန်ဆီသို့ ရိုက်ခတ်လာ၏။ ရှောင်လိန်၏ မဟူရာ ပလွေကလည်း အရိပ်ပေါင်း အရာတစ်ထောင် ဖြာထွက်နေသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်။ ထိုးလိုက် ရိုက်လိုက် ရှောင်လိုက် တိမ်းလိုက် လုပ်နေကြပုံမှာ လွန်စွာ ကြည့်ကောင်းပေသည်။ ခေါက်ယပ်တောင်ကလေးသည် နန်ဖိန်၏ လက်ထဲ၌ သံမဏိဓားသွားလို ကြောက်စရာ ကောင်းနေသည်။ ရှောင်လိန်သည် ခုခံကာကွယ်ရင်း ရန်သူ နန်ဖိန်၏ လှုပ်ရှားမှုများနှင့် တိုက်ကွက်များကို အလေးအနက်ထား လေ့လာနေ၏။ နန်ဖိန်သည် သာမန် သိုင်းသမား မဟုတ်။ အတော် အဆင့်မြင့်သော သိုင်းသမား တစ်ယောက် ဖြစ်ကြောင်း ရှောင်လိန် သိလာ၏။ ထို့ကြောင့် သူ့ပညာကို လျှို၍ မရတော့ချေ။ မဟူရာ ပလွေကို အကြမ်းပတမ်း တိုက်ခိုက်ရတော့သည်။ အားလုံးသော လူများသည် ငြိမ်သက်စွာ တိုက်ပွဲကို ကြည့်နေမိကြသည်။ အသက်ပင် မရှုနိုင်ကြပေ။ တိုက်ကွက်များသည် တစ်ခုပြီး တစ်ခု ပြောင်းလဲလာကြသည်။ မြန်လာကြသည်။ ကြမ်းတမ်းလာကြသည်။ ဘေးပတ်ဝန်းကျင်၌ လေပွေမွှေ့သကဲ့သို့ ဖြစ်လာသည်။ တိုက်ပွဲ၏ လေရှိန်ဟပ်ခြင်းပေတည်း။ ရှောင်လိန်က တဖြည်းဖြည်း အပေါ်စီးသို့ ရောက်လာသည်။ နန်ဖိန်သည် တအံ့တဩ ဖြစ်သွားသည်။ သူ့တိုက်စစ်သည် အလိုလိုနေရင်း ခံစစ်သို့ ပြောင်းလဲလာခဲ့ရပြီ မဟုတ်ပါလား။ ထိုစဉ် .. “ဟေ့ .. ရပ်လိုက်စမ်း” မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်တားမြစ် လိုက်သည်။ အသံကြောင့် ရှောင်လိန်နှင့် နန်ဖိန်တို့ ပြိုင်တူ နောက်ဆုတ်သွားမိကြ၏။ အမိန့်ပေးသူမှာ တောင်ပိုင်းကျားကြီး ဖြစ်သည်။ သူသည် ဒေါသအလွန် ထွက်နေသည်။ သူ့တပည့်ဖြစ်သူက ရှောင်လိန်အား ရှုံးတော့မည့်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
တက္ကသိုလ်နေလင်းအောင် ရေးသားသော စာအုပ်များ
  • မရဏစေတမန် (တတိယပိုင်း ဇာတ်သိမ်း)
    500 Ks
  • သိုင်းအာဏာ (ပထမပိုင်း)
    500 Ks
  • နဂါးနိုင်ဓား စာစဉ်-၆
    450 Ks
  • အလွမ်းကန္တာဓားသမား (ပထမပိုင်း)
    500 Ks
  • နဂါးမာန်သိုင်း ပန်းချီလှိုင်း (ဒုတိယတွဲ)
    500 Ks
  • သိုင်းကျမ်းရမ္မက်သွေးနဲ့စက် (ဒုတိယပိုင်း)
    500 Ks
'သိုင်းဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • အထီးကျန် ကလဲ့စား (ပထမပိုင်း)
    400 Ks
  • သိုင်းထိပ်ခေါင်(ဒု-ဇာတ်သိမ်း)
    500 Ks
  • ပုရပိုက်သခင်မ (ဇာတ်သိမ်း)
    500 Ks
  • နဂါးအားမာန် ကျားသိုင်းဟန် (တတိယပိုင်း)
    500 Ks
  • မုန်တိုင်းကြားကမီးနဂါး (ပထမပိုင်း)
    500 Ks
  • အငြိုးကြီးသူ၏ ကျဆုံးခန်း (စာစဉ်-၁)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ