မိုးထိတောင် သိုင်းသမား (စာစဉ်-၁)

ဇွဲရန်နိုင်

အခမဲ့
အရှေ့လူရိပ်မှာ အသက်လေးဆယ်ခန့် ရှိဟန်တူပြီး သစ်လွင်သော အဝတ်အစားကို ဝတ်ဆင်လျက် ပုံစံကတော့ ဂိုဏ်းချုပ်တစ်ဦးပမာပင်ရှိသည်။ မျက်နှာထားမှာ ချိုလွင်ကာ အတွင်းစိတ်ကို ဖုံးကွယ်ထားတတ်ပုံပေါ်သည်။ အနောက်က လူရိပ်ကတော့ ငယ်ရွယ်ပုံ ပေါ်သေးသည်။ အသက်လေးဆယ်ပင် ပြည့်ဟန်မတူသလို ဝတ်စားထားပုံမှာ မင်းညီမင်းသား ဆန်လှသည်။ ခန့်ညားသော မျက်နှာအသွင်အပြင်နှင့် ယပ်တောင်ခတ်နေပုံမှာ ဟိတ်ဟန်ပါသည်။ ဝေထင်းပုံစံကတော့ အမာရွတ် တချို့က ခန့်ညားသော မျက်နှာကို ဖျက်လျက်ရှိပြီး ခပ်နွမ်းနွမ်း အဝတ်အစားကလည်း လူအထင်ကြီးစရာ မရှိပေ။ အသက်ကတော့ လေးဆယ်ကို အတော် ကျော်ဟန်ရှိပြီး မျက်နှာထားက ခပ်ထန်ထန်ရှိသည်။ ဘုန်းတော်ကြီး ရွှမ်းအိက ထိုကွဲပြားလွန်းသော လူသုံးယောက်ကို လွှမ်းခြုံကြည့်လိုက်ရင်း “ဒကာကြီးတို့ အားလုံးစုံပြီဆိုတော့ ဘုန်းကြီးတို့ စလိုက်ကြရအောင်” ဟုအေးချမ်းစွာပင် ပြောလိုက်သည်။
ဇွဲရန်နိုင် ရေးသားသော စာအုပ်များ
  • မိုးထိတောင် သိုင်းသမား (စာစဉ်-၁)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • သစ္စာခြွေဖျက် သံမဏိလက် (ဒုတိယပိုင်း - ဇာတ်သိမ်း )
    300 Ks
  • လေလွင့်တိမ်ပမာ သိုင်းခြေရာ (စာစဉ်-၅)
    500 Ks
  • ကြီးမြတ်သော အုပ်ချုပ်သူ (စာစဉ်-၁၀)
    500 Ks
  • ပဉ္စလက်စောင်းသံ(ပထမပိုင်း)
    400 Ks
  • သိုင်းလောက၏ စိန်ခေါ်သံ (စာစဉ်-၄)
    450 Ks
  • ကံကြမ္မာစေရာ (စာစဉ်-၃)
    700 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ