သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (စာစဉ်-၂)

စိုးပိုင်မှူး

အခမဲ့
ရှီယန်က သူ့နှဖူးသူ ရိုက်လိုက်ရင်း တကယ်အရေးကြီးသော အရာကို သူမေ့နေသောကြောင့် အမှန်အကန် ပြန်လည် တောင်းပန်နေဟန် အိုက်တင်လုပ်နေလေသည်။ “ခိခိခိ... ဟားဟားဟား... ” မြောင်ယီဒီးက မထိန်းနိုင်တော့ဟန်ဖြင့် ဗိုက်ကိုနှိပ်ထားရင်းမှ အားရပါးရ ရယ်ချလိုက်သည်မှာ သစ်ပင်ပေါ်မှ ပြုတ်ကျမလိုပင် ဖြစ်သွားသေးတော့၏။ ရှီယန့်ကို လက်ညှိုးထိုးကာ တခိခိရယ်နေရင်း “နင်... အတော် ရယ်ရတဲ့ကောင်... တကယ့်ဟာသပဲ... ခိခိခိ... ” ဒီယာလန်းက နှုတ်ခမ်းကို ကိုက်ထားရင်းမှ သူမလည်း မအောင့်နိုင်တော့ဘဲ တခစ်ခစ် ရယ်မော နေလေတော့သည်။ ရှီယန့်ထံမှ အပျော်များက သူမကိုလည်း ကူးစက်လာဟန်တူသည်။ ရွယ်စင်းနှင့် ဟူလုံကတော့ မရယ်နိုင်ဘဲ တော်တော်လေးကို စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ အမူအရာက ကြက်ကြီး လည်လိမ်ထားသကဲ့သို့ ဖြစ်နေကြလေသည်။ သူတို့ နားမလည်နိုင်ကြပေ။ အရင် တောက်လျှောက် သူတို့၏ ကာကွယ်မှုအောက်တွင် ရှိနေကြတုန်းက ဒီကောင်မလေး နှစ်ယောက်က အလွန်ပင် ပြုံးရယ်ခဲလှသည် မဟုတ်လော။ သူတို့နှစ်ယောက်စလုံး အလွန်ပင် ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံခဲ့ကြသော်လည်း ထိုကောင်မလေး နှစ်ယောက်က ဖုတ်လေတဲ့ငါးပိ ရှိတယ်ပင် ထင်လှတာမဟုတ်ချေ။ ရှီယန်နဲ့ကျမှ၊ ဒီကောင့်ရဲ့ လေးစားမှုမရှိ ရူးသလို မူးသလို ရိသဲ့သဲ့စကားတွေနဲ့ ကျမှ ကောင်မလေးတွေက အပြုံးတွေ အများကြီး ဒီကောင့်ကို ပေးနေတယ်။ ဘာသောက်ကျိုးတွေ ဒီနေရာမှာ နည်းကုန်တာတုံးဟ... ။
စိုးပိုင်မှူး ရေးသားသော စာအုပ်များ
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၅)
    800 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (စာစဉ်-၁)
    Free
  • သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (စာစဉ်-၃)
    800 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၄)
    800 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၆)
    800 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (စာစဉ်-၂)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • အဆုံးမရှိသောသိုင်းတေးသံ(စာစဉ်၃)
    1000 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၅)
    500 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၇)
    1000 Ks
  • ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် (စာစဉ်-၃)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၁၃)
    500 Ks
  • နဂါးအားမာန် ကျားသိုင်းဟန် (ပထမပိုင်း)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ