သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၂၇)

စိုးပိုင်မှူး

500 Kyats ကျပ်
“အစ်ကိုကြီး… အရက်နှစ်ကရားလောက် ယူလာပေးပါ… အပြင်းဆုံးဖြစ်ပါစေ” ခပ်လှမ်းလှမ်းဆီမှ ပီသရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ တောက်ပသော မျက်လုံးများနှင့် ကြံ့ခိုင်သန်မာသော လူငယ်လေး။ ပခုံးပေါ်ဝဲနေသော ဆံပင်ရှည်များရှိပြီး အနက်ရောင်ဝတ်စုံကို ဖြစ်သလို ဝတ်ဆင်ထားသည်။ သူ့နောက်တွင် နာဂါခြောက်ယောက်နှင့်အတူ တစ်လှမ်းချင်း လှမ်းဝင်လာကြ၏။ ဆိုင်ပိုင်ရှင်လူဝကြီး အံ့အားသင့်သွားသည်။ တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းများကို ဝေ့ကြည့်လိုက်ပြီး မည်သည့်ဆိုင်မျှ ဖွင့်လှစ်မထားကြောင်း ပြန်လည်အမှတ်ရလိုက်သည်။ ဒီကောင်လေးက ပြင်ပမှ လာသောသူဖြစ်ဟန်တူ၏။ ထို့ကြောင့်သာ ကောလဟာလများကို မကြားခြင်းဖြစ်မည်။ ရေအောက်မြို့ဟောင်းသည် ယနေ့ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်လိမ့်မည်ကို ဤသူငယ် မသိအံ့ထင်သည်။ “ညီလေး… မင်း ရေအောက်မြို့ဟောင်းကို အခုမှ ရောက်လာတာလား” ဆိုင်ရှင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူအနားရောက်လာတာ စောင့်မနေတော့ပဲ အမြန်တိုးကပ်သွားပြီးနောက် တီးတိုးလေသံဖြင့် “မင်း မြန်မြန်ထွက်သွားသင့်တယ်… ဒီနေရာက ယန်မိသားစုနဲ့ သိပ်နီးကပ်လွန်းတယ်… မင်းက ကြာကြာမနေသင့်ဘူး”
စိုးပိုင်မှူး ရေးသားသော စာအုပ်များ
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၃၅) (စာမြည်း)
    Free
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၃၆)
    500 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၂၃)
    500 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၄၁)
    500 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၃၁) (စာမြည်း)
    Free
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၃၃) (စာမြည်း)
    Free
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • နတ်ဘုရားတို့၏ ဒဏ္ဍာရီ (စာစဉ်-၂၅)
    500 Ks
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၉)
    Free
  • သေမင်းခုနှစ်ဖော် (ဇာတ်သိမ်းပိုင်း)
    50 Ks
  • နဂါးသူရဲကောင်း (စာစဉ်-၁)
    Free
  • ဒီပရက်ရှင်
    200 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၁၈)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ