ဟန်ဆောင်ချစ်သူ (စာစဉ်-၁)

ချိုသင်းမာ

အခမဲ့
သူမရဲ့ အပျိုစင် နောက်ဆုံးနေ့ ပါတီမှာ အရက် အများကြီး သောက်ပြီးတော့ သူမ မူးနေခဲ့တယ်။ သူမနဲ့ စေ့စပ်ထားတဲ့ ချစ်သူက သူမကို အဆောက်အဦ တစ်ခုကို ခေါ်ဆောင် သွားတယ်။ နောက်ဆုံးတော့ သူမ သတိပြန်ဝင်လာပြီး အမူးပြေတဲ့အချိန်မှာ သူမ မျက်ဝန်းကို ကြိုးစား အားယူ ဖွင့်တယ်။ သူမ ခေါင်းတွေ အရမ်း ကိုက်ခဲနေတယ်။ သူမအမြင် အာရုံမှာ ရှင်းရှင်းလင်းလင်း မြင်နေရတာက မှိန်ပျပျ အခန်းလေးထဲမှာ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် အရူးမူး သဲကြီးမဲကြီး နှုတ်ခမ်းချင်း နမ်းရှိုက်နေတဲ့ ပုံစံကို တွေ့လိုက်ရတယ်။ ထျန်းနင် သူတို့ နှစ်ယောက်ကို အံ့သြစွာ ကြည့်နေမိတယ်။ သူတို့တွေ ထျန်းနင် အနားမှာ ဆက်ပြီးတော့ နမ်းရှိုက်နေတယ်။ သူမ စိတ်တွေ ဒေါသစိတ်ကြောင့် ဗလောင်ဆူလာတယ်။ “ယွီရို့ … လိုက်နှောင့်ယှက်နေတာ ရပ်တော့။ ထျန်းနင် အိပ်ပျော်ရုံလေး ရှိသေးတယ်” အမျိုးသားက ထိုအမျိုးသမီး ခါးကို ကိုင်လိုက်ပြီးတော့ ထိန်းချုပ်ရန် သတိပေးလိုက်တယ်။ “ဘာလဲ။ ရှင် စေ့စပ်ထားတဲ့ မိန်းမ ရိပ်မိသွားမှာ စိုးရိမ်နေတာလား” မို့ယွီရို့ မကျေနပ်တဲ့ လေသံနဲ့ ပြန်ပြောတယ်။ “ရှင် မနက်ဖြန်ဆို လက်ထပ် ရတော့မယ်။ ဒီည ရှင့်ခန္ဓာကိုယ်ကို ကျွန်မကို ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူးလား” “အချစ်လေး… မင်းလေးက ပြဿနာအိုးလေးပဲ။ တခြား အခန်းကို ကိုယ်တို့တွေ သွားမယ်” ထိုအမျိုးသားက ဖြားယောင်း သွေးဆောင်စွာ ပြုံးတယ်။ “မဟုတ်ဘူး။ ဒီနေရာလေးမှာ ချစ်ချင်တာ။ သူမရှေ့မှာ ကိုကိုနဲ့ ချစ်ချင်တာ” မို့ယွီရို့ ထိုအမျိုးသား ရှပ်အင်္ကျီ ကြယ်သီးကို အလျင်မြန် ဆွဲဖြုတ်ရင်း သူတို့ နှုတ်ခမ်းချင်း အနမ်းခြွေနေတယ်။ ထျန်းနင် မျက်ရည် မကျဆင်းမိအောင် အားတင်း ထားရတယ်။ သူတို့တွေ သူမကို ဖြည်းဖြည်းချင်း လှည့်စားခဲ့တာပဲ။ သူမ တစ်ခါမှ မတွေးထားခဲ့မိဘူး။ မနက်ဖြန်မှာ သူမနဲ့ အတူတူ လက်ထပ်မယ့် သူမ ခင်ပွန်းလောင်း သူမရှေ့မှာ သစ္စာဖောက်ရဲမယ်လို့ မထင်ထားခဲ့ဘူး။
ချိုသင်းမာ ရေးသားသော စာအုပ်များ
  • သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၃၁)
    800 Ks
  • သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၆)
    Free
  • သရဲဘုရင်ရဲ့ ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၃၀) (စာမြည်း)
    Free
  • သရဲဘုရင်ရဲ့ ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၄)
    Free
  • ဟန်ဆောင်ချစ်သူ (စာစဉ်-၁)
    Free
  • သရဲဘုရင်ရဲ့ ချစ်လှစွာသော ဇနီးဆိုးလေး (စာစဉ်-၁၆)
    800 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၂၂)
    500 Ks
  • နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင် (စာစဉ်-၅)
    500 Ks
  • နှင်းလင်းယုန်အရှင်သခင် (စာစဉ်-၁)
    Free
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၃၂)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၉)
    Free
  • မသေမျိုး ဓားပါရမီရှင် (စာစဉ်-၁၃)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ