ဝင်း (Chapter-8)

ချမ်းမြေ့ဝင်း

အခမဲ့
“သေသွားတဲ့လူတွေရဲ့အဝတ်တွေ.. အဲဒါတွေကို လိုက်ကောက်ပြီး ပြန်ရောင်းနေတာ..” ။ မေနှင်းက ကျွန်မကို မကြည့်ဘဲ ဖြေတယ်။ သူ့အသံက ဟိုးအဝေးကြီးကလာသလို သဲ့သဲ့လေးဖြစ်နေတယ်။ အဒေါ်ကြီးရှေ့က အဝတ်ပုံကို ကျွန်မ သေချာကြည့်လိုက်တယ်။ လုံးထွေးနေတဲ့ အဝတ်စုတ်တွေထဲမှာ ပုဆိုးတွေ၊ ထဘီတွေ စွပ်ကျယ်အင်္က࿿ျီတွေ။ ကလေးဝတ်ဘောင်းဘီထင်တယ်.. ဘောင်းဘီခပ်သေးသေး တစ်စုံလည်း တွေ့ရတယ်။ စကတ်လိုလို ခပ်စုတ်စုတ် တွေလည်း အများကြီးပဲ။ “အဝတ်တွေက အများကြီးပါလား။ ဘယ်ကတည်းက စုထားသလဲ မသိဘူးနော်” မေနှင်းက ကျွန်မကို မော့ကြည့်တယ်။ သူ့ရဲ့ ပိန်လှီပါးလှပ်နေတဲ့ ကိုယ်ခန္ဓာက ကျွန်မ တစ်ဝက်တောင် ရှိပါ့မလားမသိဘူး။ သူ့အကြည့်က ကျွန်မမျက်လုံးထဲက တစ်ခုခုကို ရှာနေသလိုပဲ။ သူ့အဖြေကို စိတ်ဝင်တစား စောင့်နေတဲ့ ကျွန်မမျက်နှာကို သေချာကြည့်တယ်။ သက်ပြင်းချပြီး ပြန်ဖြေတယ်။ “မဟုတ်ဘူးအစ်မ။ ဟိုတစ်ပါတ်က သေတဲ့လူတွေရဲ့ အဝတ်အစားတွေပါ။ ဒေါ်မြက ဆိုင်မထွက်တာ ကြာလှပြီ။ အခုမှ.. ပြန်ထွက်တာ..” လမ်းဆက်လျှောက်နေရင်း ကျွန်မ အတော်ကြာကြာ တိတ်ဆိတ်သွားတယ်။ လေပြင်းတစ်ခါတိုက်တာ လူတွေ ဒီလောက် သေကုန်ကြသလား။ အကာအကွယ်တွေရှိရဲ့သားနဲ့ အချိန်မီ မပြေးနိုင်ကြဘူးလား။ ကျွန်မတို့ အိမ်မှာတော့ လေပြင်းလာရင် အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေ သေချာပိတ်လိုက်တာပဲ။
ချမ်းမြေ့ဝင်း ရေးသားသော စာအုပ်များ
  • ဝင်း (Chapter-5)
    Free
  • ဝင်း (Chapter-10)
    Free
  • ဝင်း (Chapter-8)
    Free
  • သုခမြေပုံ
    1000 Ks
  • မျှော်လင့်ခြင်းဖတ်စာ
    1000 Ks
  • ဝင်း (Chapter-2)
    Free
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ကောင်းကင်ဘုံ စာကြည့်တိုက် (စာစဉ်-၃၁)
    500 Ks
  • ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား (စာစဉ်-၃)
    Free
  • လောကသုံးပါးသခင် (စာစဉ်-၁၁)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၁၀)
    Free
  • အဆုံးမဲ့အာဏာ (စာစဉ်-၈)
    500 Ks
  • ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ်-၁)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ