ဂမ္ဘီရဤပင်လယ်နှင့် ဂမ္ဘီရမဟာဂနိုင်

ကလောင်စုံ

800 Kyats ကျပ်
စာရေးဆရာ ဖိုးကျော့နဲ့ ဝေယံလင်းခေါင်တို့ ကလောင်နှစ်လက် တွဲဖက်ရေးသားထားတဲ့ ဝတ္ထုရှည် (၂) ပုဒ်ကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာဖိုးကျော့ရဲ့ ‘ဂမ္ဘီရဤပင်လယ်’ ဝတ္ထုကတော့ ဆရာဖိုးကျော့ ရေးနေကျ တောမုဆိုး စွန့်စားခန်းမျိုး မဟုတ်ဘဲ ထူးထူးခြားခြား ပင်လယ်မုဆိုး စွန့်စားခန်းတွေကို ဖတ်ရှုရမှာပါ။ ပင်လယ်နဲ့ မုန်တိုင်းဆိုတာ ခွဲခြားမရတဲ့ ကဏ္ဍမျိုးပဲ ဖြစ်တယ်မဟုတ်လား။ တောမှာ တောမာယာ ရှိသလို ပင်လယ်မှာလည်း ပင်လယ်ရဲ့ မာယာ ရှိပါတယ်။ ဂမ္ဘီရပင်လယ်ရဲ့ မာယာက ဘယ်လိုများလဲ၊ ရခိုင်ကမ်းရိုးတန်းမှာ တိုက်ခတ်သွားတဲ့ အကြီးမားဆုံး မုန်တိုင်းအန္တရာယ်ရဲ့ နောက်ကွယ်မှာ ဆက်စပ်နေတဲ့ ဂမ္ဘီရဆန်းကြယ် ဖြစ်ရပ်တွေကို စိတ်ဝင်တစား ဖတ်ရှုကြရမယ့် ဆရာဖိုးကျော့ရဲ့ ဂမ္ဘီရဤပင်လယ်။ ဆရာဝေယံလင်းခေါင်ရဲ့ ‘ဂမ္ဘီရမဟာဂနိုင်’ ကတာ့ ဆရာဖိုးကျော့နဲ့ ဆန့်ကျင်ဘက် တောရဲ့မာယာ၊ သားရဲတို့ရဲ့ အန္တရာယ်နဲ့ ဂမ္ဘီရဆန်လှတဲ့ တောကြီးဟေဝန် မဟာဂနိုင်အကြောင်း ဖန်တီး ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ ဦးဘသာကြီးနဲ့ ကညင်ချောင်းနံဘေးက မှင်စာများ၊ ကြိမ်ခုတ်အဖွဲ့နဲ့ ထူးဆန်းတဲ့ ပျားအုပ်၊ တောနက်ဂနိုင်က ဂမ္ဘီရဆန်းကြယ် ဖြစ်ရပ်များနဲ့ ယှက်ဖွဲ့ ရေးသားထားတဲ့ ဂမ္ဘီရမဟာဂနိုင်။ မာယာများတဲ့ ပင်လယ်နဲ့ မာယာများတဲ့ တောတို့ရဲ့ ဂမ္ဘီရဆန်ဆန် အဖြစ်အပျက်နှစ်ခုကို ယှဉ်တွဲဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။
ကလောင်စုံ ရေးသားသော စာအုပ်များ
  • ဖိုးကာလာ
    600 Ks
  • ဂမ္ဘီရဤပင်လယ်နှင့် ဂမ္ဘီရမဟာဂနိုင်
    800 Ks
  • အောက်မေ့ဖွယ် ဟာသဝတ္ထုများ (၄)
    600 Ks
  • မြန်မာစကားပုံအဘိဓာန်
    600 Ks
  • (၆၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်စာစုများ
    600 Ks
  • ကဗျာဆရာတို့၏ ဝတ္ထုတို
    600 Ks
'လျှို့ဝှက်ဆန်းကြယ် ပရလောက ဇာတ်လမ်းများ' စာအုပ် အမျိုးအစားများ
  • ဟိုဘက်အိမ်က အဘွားကြီး
    300 Ks
  • ရွှေဂူရှင်မ
    200 Ks
  • လိပ်ပြာဧည့်သည်(ထူးခြားဆန်းကြယ်သရဲတစ္ဆေဇာတ်လမ်း)
    500 Ks
  • ပုစ္ဆာဆန်သော တစ္ဆေမလေး
    600 Ks
  • သေမင်းခေါ်တဲ့လမ်း
    600 Ks
  • ပိန္နဲသီးသရဲ
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ