အင်းတော်ရှင်ရဲခေါင်နှင့် ကျောက်လက်ဝါးဘီလူး

ရှိုင်းဝေလင်း (ပုတီးကုန်း)

200 Kyats ကျပ်
တင်းပုတ်ကိုယ်စီထမ်းထားတဲ့ အစွယ်ဖွေးဖွေး ဘီလူးကြီးနှစ်ကောင် စောင့်ကြပ်နေတဲ့ ရွှေကျောင်းဆောင်မုခ်ဦး။ ဘီလူးနှစ်ကောင်အနောက်မှာ လှဲနေတာက ကိုးဝန္တိန်စေတီ ဆင်ကိုးကောင်ထဲက အသက်ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဆင်ကြီးပဲ။ ဒီလို အစောင့်အရှောက်တွေနဲ့ ရွှေကျောင်းဆောင် သိုက်နန်းထဲ ဝင်လာတဲ့ အင်းတော်ရှင်ရဲခေါင်။ သိုက်နန်းရှင် အမျိုးသမီးရဲ့ အမိန့်နဲ့အတူ တင်းပုတ်ထမ်းဘီလူးနှစ်ကောင်ဟာ လူအသွင် ဖန်ဆင်းပြီး အင်းတော်ရှင်ကို အရိုအသေပေးကြတဲ့အခိုက် … နောက်ထပ် နောက်ထပ် ထိတ်လန့်ဖွယ် အန္တရာယ်တွေက မောင်ရဲခေါင်နဲ့ ဆရာအဘိုးအိုကို အသင့်စောင့်ကြိုနေပါပြီ။ ဒီလို အန္တရာယ်အသွယ်သွယ်ကို ဖြတ်ကျော်ပြီး ဝင်ရမယ့် ရွှေကျောင်းဆောင်ထဲမှာတော့ နောင်ပွင့်ထွန်းတော်မူလာမယ့် အရိမေတ္တယျ မြတ်စွာဘုရားရှင် ဒေသစာရီ ကြွချီတော်မူတဲ့အခါ စံမြန်းတရားဟောတော်မူမယ့် ရွှေပလ္လင် ရှိနေပါသတဲ့။ ပြီးတော့ ရွှေပုံကြီး ရှစ်ပုံ။ ဒီလို ဒီလို စိတ်ဝင်စားစရာတွေ ရောပြွန်းနေတဲ့ ရွှေကျောင်းဆောင်ကြီးကို စောင့်ကြပ်ခဲ့တဲ့ ကျောက်လက်ဝါး ဘီလူးက ဘယ်ကိုရောက်လို့ ဘယ်ကိုပျောက်နေသလဲ၊ မောင်ရဲခေါင်တို့နဲ့ ကျောက်လက်ဝါး ဘီလူးတို့ ဘယ်အချိန်မှာ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ပြန်ဆုံပြီး ရင်ဆိုင်ကြရမလဲ၊ စတဲ့ စတဲ့ အံ့သြဘနန်း ဖြစ်ရပ်ဆန်းတွေက စာချစ်သူတို့ကို အစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မှာ သေချာတာမို့ အင်းတော်ရှင်ရဲခေါင်ရဲ့ ဂန္ဓာရီခရီးလမ်းက အံ့ဖွယ်ဇာတ်လမ်းတွေကို ခံစားကြည့်လိုက်ရအောင်လား စာချစ်သူတို့ရေ။