အင်းတော်ရှင်ရဲခေါင်နှင့် အဏ္ဏဝါကဝေ

ရှိုင်းဝေလင်း(ပုတီးကုန်း)

200 Kyats ကျပ်
အင်းတော်ရှင်ရဲခေါင်နဲ့ မဟာသိဒ္ဓိတို့ဟာ ကျောက်စိမ်းဆင်းထုတော်ကို ခက်ခက်ခဲခဲ ပင့်ဆောင်ရယူခဲ့ပြီး မြေလျှောက်ဝိဇ္ဇာအဘိုးအိုဆီ ပေးအပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ တာဝန်ပေးချက်အရ အဏ္ဏဝါကဝေကြီးကို နှိမ်နှင်းဖို့အတွက် ပင်လယ်ပိုင်းဘက်ဆီ ခရီးဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ ရဲခေါင်တို့ဟာ ပထဝီသိဒ္ဓိစွမ်းအားကို သုံးနိုင်ပေမဲ့ အသုံးမပြုဘဲ စက်လှေစီးပြီး လူသာမန် ခရီးသည်တွေအတိုင်းပဲ ခရီးသွားခဲ့ကြတယ်။ မဟာသိဒ္ဓိကလည်း ခေသူတော့ မဟုတ်ပါဘူး။ ဝိဇ္ဇာဓိုရ်ဘဝတုန်းက ပင်လယ်ခရီးမှာ ရေသရဲမိစ္ဆာတစ်ကောင်နဲ့ ပညာပြိုင်ခဲ့ဖူးတဲ့သူ။ ရေသရဲကလည်း နှယ်နှယ်ရရ မဟုတ်ဘူး။ ပရလောကသားပေမဲ့ ရှေးဘဝကုသိုလ်အားတစ်ခုကြောင့် တန်ခိုးစွမ်းအား ကြီးမားတဲ့သူပဲ။ ကဲ … ဒီလို ဝိဇ္ဇာလမ်းစဉ် ပညာရှင်တွေနဲ့ အဏ္ဏဝါကဝေ မိစ္ဆာတို့ရဲ့ ပညာပြိုင်ပွဲကြီးက ဘယ်လောက်အထိ စာချစ်သူတို့ကို ဆွဲဆောင်နိုင်မလဲဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ရှုကြည့်မှ သိနိုင်မယ်နော်။