ရင်ဘတ်နှင့် ဖြတ်ကျော်ခြင်း

နှင်းနွယ်(ကလေး)

600 Kyats ကျပ်
> ဒီစာအုပ်မထုတ်ခင် ဆရာမက အရှေ့မှာ ရင်ငွေ့သက်ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပြီးပါပြီ။ ဒါကတော့ ဒုတိယတစ်အုပ်ပေါ့။ ဒီစာအုပ်ထဲမှာ ဆောင်းပါးတွေကြီးပဲ စုစည်းပြီးထုတ်ဝေထားတာပါ။ ဆောင်းပါးတွေက စံနဲ့ကိုက်ညီချင်မှ ကိုက်ညီလိမ့်မယ်ဆိုပေမယ့် ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက် တွေ့ကြုံ၊ ခံစားခဲ့ရတာတွေကို စာဖတ်သူကို ပြောပြချင်တဲ့စိတ်နဲ့ရေးခဲ့တာလို့ ဆရာမကပြောထားပါတယ်။ > နှုတ်ဖျားကစကား ချိုမြပါစေသား၊ ချစ်မေတ္တာရေစင်ဖျန်းလို့ ရွှင်လန်းနိုင်စေ၊ လှပလန်းဆန်း ပရိဟိတပန်း၊ အကြွေးနဲ့ ဝေးပါစေ၊ မေတ္တာခြုံလို့ လုံနိုင်စေ တို့အပြင် အသိတရားတိုးပွားစရာဆောင်းပါးတွေလည်း ဒီစာအုပ်ထဲမှာ အများကြီးပါပါတယ်။ ရင်ထဲကစကားလုံးတွေကို အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံး ချပြထားတဲ့ ဆရာမနှင်းနွယ်ရဲ့ လက်ရာကို ခံစားကြည့်ကြရအောင်ပါ။