New love again အပိုင်း-၁

နှင်းသွေးသဒ္ဒါ

အခမဲ့
နှင်းသွေးသဒ္ဒါရဲ့ Boys' Love Novel အသစ်ပေါ့။ ဒီထဲမှာ 'ဂရင်း' ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ 'ပန်းတိုင်သစ်' ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ပါတယ်။ ဂရင်းက အသက်ဆယ်နှစ်အရွယ်မှာပဲ ရက်ရက်စက်စက်၊ မသေရုံတမယ် မိသားစုရဲ့ ရက်စက်တဲ့နည်းနဲ့ စွန့်ပစ်ခံခဲ့ရတယ်။ ကံကောင်းပြီး နိုင်ငံခြားသားတစ်ယောက်ရဲ့ မွေးစားခြင်းကိုခံခဲ့ရပေမဲ့ သူ့အပေါ်ရက်စက်ခဲ့တဲ့ မိသားစုကို သူက သေမလောက်ကို မုန်းတီးနေတာ။ ပန်းတိုင်သစ်ကလည်း ငယ်ငယ်ကတည်းက မိဘမဲ့ ဖြစ်ခဲ့ပြီး ခရစ်ယာန်ဘုန်းကြီးတစ်ပါးရဲ့ မွေးစားခြင်းခံခဲ့ရသူ။ တက္ကသိုလ်မှာ ချစ်သူကောင်မလေးရဲ့ လူသတ်မှုကို အစားဝန်ခံပြီး ထောင်ထဲဝင်ခဲ့ရတယ်။ ဒါပေမဲ့ချစ်သူက သူ့ကို အဆက်အသွယ်ဖြတ်လို့ နောက်တစ်ယောက်နဲ့ ပါသွားလေရဲ့။ သူကတော့ ထောင်ထဲမှာ (၅) နှစ်လောက်နေခဲ့ရပြီး ထောင်ထွက်ဆိုတဲ့ နာမည်ပဲ အဖတ်တင်ကျန်ခဲ့ရတယ်။ ဒီလို ကံကြမ္မာတွေနဲ့ သူတို့နှစ်ယောက်က ဘယ်လိုတွေ ဆက်နွယ်လာမှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာဖြစ်လို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။