My blood Flower

နှင်းသွေးသဒ္ဒါ

500 Kyats ကျပ်
..."အဲဒီကျွန်းကို လူတစ်ယောက်ဟာ တစ်ခါပဲ သွားခွင့်ရှိတယ်တဲ့ ... အဲဒီလူဟာ နောက်တစ်ခေါက်သာ သွားမိရင် ပန်းမင်းသမီးက ဖမ်းစားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်တယ်ကွ...”"ဟင်…"မျက်မှောင်ကြုတ်ကာ ဖုန့်ရှန်းရင်းက ဆက်မေးလိုက်သည်။"အဲဒါတွေ တကယ် ရှိလို့လားကွာ ...”"ကျစ် ...”ကျစ်တစ်ချက် စုပ်ယူလိုက်ပြီး ဖုန့်ရှန်းရင်း လက်မောင်းကို ရိုက်ကာ"မင်းမသိလို့နော် ... အဲဒါတွေ တကယ်ရှိခဲ့တာ ...”"ငါမယုံဘူး ...”("ဖုန့် ... ရှင်း ... ရင် ...”)ဖုန့်ရှန်းရင်း ဇတ်ဆို ထရပ်မိသွားသည်။ သည်တစ်ခါတော့ အသံက သဲကွဲလာပြီ။ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်အသံပင်။ ဖုန့်ရှန်းရင်း ပုံစံက ထူးဆန်းနေသောကြောင့် ထျန်ကျိက "မင်းဘာဖြစ်နေတာလဲ"ဖုန့်ရှင်းရင် နေရာတွင် ပြန်ထိုင်လိုက်ပြီး"ငါအခုတလော အသံတစ်သံ ကြားနေရတယ်ကွ...”"ဘာသံလဲ...” "အဘွားကြီး တစ်ယောက် အသံလိုလိုပဲ.. ငါ့နာမည်ကို ခေါ်နေတာ...”"ဟင်...”