အဖြူရောင်နှောင်ကြိုး

နှင်းကနုတ်

600 Kyats ကျပ်
သက်ထက်မြတ်နိုးနဲ့ ခေတ္တရာမင်း ဟာ ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းနှစ်ယောက်။ ဆယ်တန်းနှစ်ရောက်တော့ အသက်တို့မိသားစုက ပြင်ဦးလွင်ကို ပြောင်းသွားကြတယ်။ အဲဒီလိုခွဲခွာရချိန်မှ သူတို့နှစ်ယောက် ဘယ်လောက်အထိ သံယောဇဉ်ကြီးသလဲဆိုတာ သိခဲ့ရသလို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခံစားချက်ရှိသလဲဆိုတာပါ နားလည်ခဲ့ရတယ်။ နောက်တစ်ယောက်က ခန့်လင်းနောင်။ သူက အသက်တို့ ပြင်ဦးလွင်အိမ်က အလုပ်သမားလေး။ အသက်ကို တိတ်တခိုးချစ်မိနေသူ။ အသက်ကတော့ သူ့ကို ကြည့်မရဘူး။ အသက်ရဲ့ နှလုံးသားက ခေတ္တရာ တစ်ယောက်တည်း ဆီမှာလေ။ ဒီလို ဝေးကွာနေတဲ့ အသက်နဲ့ ခေတ္တရာရဲ့ နှလုံးသားတွေဟာ အမှတ်မထင် ပြန်လည်ဆုံစည်းကြတဲ့အခါမှာ ဘယ်လိုအချစ်ဇာတ်လမ်းလေး မွေးဖွားလာမလဲဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြနော်။