အၾကင္နာည

နွဲ့ယိမ်းခင်

600 Kyats ကျပ်
အတာကျူး က ခပ်ဆိုးဆိုးကောင်မလေး။ သူဟာ အရင်တုန်းက လိမ္မာပေမဲ့ ဖခင်ဖြစ်သူ နောက်မိန်းမယူလိုက်တဲ့ အချိန်ကနေစပြီးတော့ ဘားသွား၊ ကလပ်တက်၊ ရန်ဖြစ်၊ ဆယ်တန်းကျနဲ့ ဆိုးသွမ်းလာတော့တာပါပဲ။ နောက်တစ်ယောက်က ဒီရေလှိုင်း။ သူက ကျောင်းဆရာ။ အနေအေးတယ်။ သူတို့နှစ်ယောက်ရဲ့ မိဘတွေက သူငယ်ချင်းတွေပါ။ ဒီတော့ ဒီရေလှိုင်းက အတာကျူးကို စာသင်ပေးရဖို့ အကြောင်းဖန်လာပြီပေါ့။ ရေလှိုင်း က အရှက်အကြောက်ကြီးပေမဲ့ ကျူးက လက်ရဲဇက်ရဲရှိသူဆိုတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်နေရတယ်။ နောက်ပြီး ကျူးအဖေဖြစ်သူ နောက်မိန်းမမှာ ညီသုတဆိုတဲ့ သားတစ်ယောက်လည်း ရှိသေးတယ်။ ဒီဝတ္ထုထဲမှာ သူတို့တွေရဲ့ ရယ်စရာအလွဲလေးတွေ၊ အသည်းယားစရာတွေ၊ ၅၂၈ ချစ်ခြင်းတွေ၊ ၁၅၀၀ ချစ်ခြင်းတွေ၊ ဝမ်းနည်းစရာတွေ ကို ရင်ထဲအပြည့်ခံစားရမှာပါ။