အဲဒီလူနဲ့ပဲရွှေလက်တွဲ

နွဲ့ယိမ်းခင်

1000 Kyats ကျပ်
>> သူ့နာမည်က ဥယျာဉ်မှူး။ သူက အဖေဖြစ်သူကို အရမ်းချစ်တယ်။ မိဘတွေ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲတဲ့အချိန်မှာလည်း အဖေနဲ့ ကျန်ခဲ့တယ်။ တစ်နေ့မှာ သူ့အဖေက ပြည့်တန်ဆာမတစ်ယောက်ကို လက်မှတ်ထိုးပြီး ဇနီးမယားအဖြစ် အိမ်ကိုခေါ်လာခဲ့တယ်။ အဲဒီ မိန်းမမှာ ဥယျာဉ်မှူးထက် အသက်နည်းနည်းငယ်တဲ့ သမီးတစ်ယောက်လည်းပါလာတယ်။ >> မှူးက ဖခင် နောက်မိန်းမယူတာကို လုံးဝသဘောမတူဘူး။ ဒီတော့ သူအိမ်ပေါ်ကနေ ဆင်းသွားတယ်။ အဲဒီအချိန်မှာ အကြံရှိတဲ့ မိထွေးက စည်းစိမ်ဥစ္စာတွေကို ရယူလိုစိတ်နဲ့ သူ့အဖေကို လုပ်ကြံတော့တာပဲ။ မိထွေးရဲ့လုပ်ကြံမှုကြောင့် သူ့အဖေသေဆုံးရတာကို မှူးသိသွားတဲ့အခါ မိထွေးနဲ့ သူ့သမီးကို အမုန်းတွေထွေးပိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ >>အဲဒီဒဏ်တွေကိုခံရတာက မိထွေးရဲ့သမီး ယိုးမယ်ဖွဲ့ပါ။ သူက အတန်းပညာမတတ်ဘူး။ အမေဖြစ်သူ မှူး လက်ချက်နဲ့ သေဆုံးသွားပေမယ့်လည်း ခိုကိုးရာမရှိတာကြောင့် မှူးအိမ်မှာပဲ ကပ်နေခဲ့ရတယ်။ သူက အစားစားရရုံ၊ နေစရာရရုံပဲ တင်းတိမ်ခဲ့တဲ့မိန်းကလေးပါ။ အဲဒီကောင်မလေးကိုမှ ဇွဲရှိရှိလိုက်ရှာနေခဲ့တာက ငယ်သူငယ်ချင်းလေး မာန်ဟုန်ဝင့်။ ဒီဝတ္ထုထဲမှာ သူတို့တွေရဲ့ ယှက်နွယ်မှုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာပါ။