မျက်ရည်များနှင့် ရယ်မောခြင်း

နွဲ့ယိမ်းခင်

600 Kyats ကျပ်
သက်လုံးပုံဘဝက သနားဖို့ကောင်းတယ်။ ကလေးဘဝမှာ အဖေနဲ့ အမေနှစ်ယောက်လုံးက နောက်အိမ်ထောင်ပြုလိုက်တယ်။ မိဘနှစ်ပါးလုံးအပြင် နောက်အိမ်ထောင်နဲ့ ပါလာတဲ့လူတွေကလည်း သူ့ကို ရိုင်းစိုင်းတဲ့ စကားတွေပြောပြီး ရွံရှာသလိုဆက်ဆံတယ်၊ ရိုက်နှက်တယ်။ နောက်တော့ ပုံပုံဆိုတဲ့ ကလေးမလေးဟာ အိမ်ကထွက်လာခဲ့တယ်။ အဘွားအိုတစ်ယောက်က သူ့ကိုမွေးစားလိုက်တယ်။ အချိန်တွေကြာပြီးနောက် ပုံပုံက အရယ်အပြုံးမရှိ၊ ကြမ်းတမ်းပြီး တစ်ခုခုကို အလေးအနက် စဉ်းစားနေတတ်တဲ့ ပုံစံနဲ့ အသက်ရှင်တယ်။ သူတစ်ယောက်တည်း ပြောနေကျစကားရှိတယ်… “လက်စားချေဖို့အချိန်ရောက်ပြီ” “နင်တို့ကို သတ်ဖို့ လာတော့မှာ” ဆိုတာမျိုးတွေ။ နောက်ပြီး ပုံပုံကို ဂရုစိုက်တဲ့ ဝိုင် ဆိုတဲ့ ကောင်လေးရယ်၊ သွေးဆိုတဲ့ စုံထောက်ရယ်ရှိသေးတယ်။ ဘာတွေဆက်ဖြစ်မလဲကတော့...