ချစ်သောအကြင်နာ

နွဲ့ယိမ်းခင်

200 Kyats ကျပ်
စွန့်လွှတ်ရခြင်းတွေ၊ ခွဲခွာရခြင်းတွေက တကယ်ကို နာကျင်ရပါတယ်။ ကိုယ်နဲ့ ရွှေလက်တွဲခဲ့ပေမယ့် တခြားသူနဲ့ အဆုံးသတ်ရတဲ့ ချစ်ခြင်းဇာတ်လမ်းမျိုးဆို ပိုပြီးနာကျင်ရတာပေါ့။ ဒီစာအုပ်ထဲမှာလည်း ဒီလိုနာကျင်စရာတွေကို ခံစားရမှာပါ။ ဇွဲမာန်က တစ်ကောင်ကြွက်၊ သာမန်စစ်သားလေးတစ်ယောက်၊ သူ့ချစ်သူ အကြင်နာက ရွှေဘုံစံလေး။ ဒီတော့ မိဘတွေက သူတို့ကို သဘောမတူကြဘူး။ အဲဒီလိုအခြေအနေကိုမှ ဇွဲမာန်က ရှေ့တန်းမှာ ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားတဲ့အခါ… ဘယ်လိုကြေကွဲစရာတွေကို ရင်ဆိုင်ရမလဲဆိုတာ စာအုပ်ထဲမှာ ခံစားကြည့်ကြပါဦး။