ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
စာမြည်း ။ ။ “ ……. တချို့က မွေးလာတာနဲ့ ကံကောင်းခဲ့တယ်။ ကံတရားက သူတို့ဘက်မှာပဲ ရပ်တည်ခဲ့ပြီး ကံကောင်းခြင်းက သူတို့ကို အမြဲ ပြုံးပြနှုတ်ဆက်ခဲ့တယ်။ ငါ့ကိုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ခဲ့ဘူး။ ဒီလိုပဲ ဖြစ်ခဲ့တာပဲလေ သူငယ်ချင်းကြီးရာ” လို့ ဂျင်က ညင်ညင်သာသာ ဖြေရှင်းတယ်။ မက်စ် တိတ်ဆိတ်သွားခဲ့ပြီး တအောင့်ကြာမှ သူ စကား စပြောတယ်။ “ငါ ပြောမယ် … ငါဟာ ရှေ့နေမျိုးဆက်ကနေ ဘာအမွေအနှစ်မှ မရခဲ့ဘူး ဆိုပေမယ့် င့ါအဘိုးက ငါ့ကို ပိုကောင်းတဲ့ ပစ္စည်းဥစ္စာတစ်ခုတော့ ချန်ထားပေးခဲ့တယ်။ ‘ကံတရား’ နဲ့ ‘ကံကောင်းခြင်း’ က ဘယ်လိုကွာခြားသလဲ မင်းသိလား” “မသိဘူး …” လို့ ဂျင်က အားမပါတဲ့ လေသံနဲ့ ဖြေတယ်။ “ငါ့အဘိုး ငါတို့နဲ့ အတူနေခဲ့စဉ်တုန်းက င့ါကို သူ ပုံပြင်လေးတစ်ပုဒ် ပြောပြခဲ့တယ် …… .... >>> သင့်အတွက် ဘဝမီးအိမ်တစ်လက် ဖြစ်စေမယ့် ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်