သက်တန့်ရောင် နှလုံးသား

နိုရာဆောင်း

800 Kyats ကျပ်
ပိုင်စိုး က သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူ။ သူ့ဘဝက ကြမ်းတယ်။ ဒါပေမဲ့ သူက ရိုးသားတယ်၊ ကြိုးစားတယ်။ စက်ရုံပိုင်ရှင်လေးတစ်ယောက် ဆိုလည်းမမှားဘူး။ သူ့ကို ဦးစောလွင် ဆိုတဲ့လူက ထောင်ကျစေချင်နေသလို၊ သေလည်း သေစေချင်နေတယ်တဲ့။ နောက်ပြီး ဦးစောလွင်ရဲ့ သမီးချယ်ရီက ပိုင်စိုးနဲ့ လက်ထပ်ချင်နေတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ပိုင်စိုးရဲ့ ကြမ်းတမ်းတဲ့အတိတ်မှာ ဦးစောလွင် ဟာ အလုပ်ရှင်ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာ ရောဂါသည်မိခင်ကို ခက်ခက်ခဲခဲရှာဖွေ ကျွေးမွေးခဲ့ရတဲ့ ပိုင်စိုးရဲ့ အတိတ်၊ ဦးစောလွင်နဲ့ ပိုင်စိုးရဲ့ ပြဿနာ၊ နောက်ပြီး ချယ်ရီ၊ ဝေဝေနဲ့ ပိုင်စိုး တို့အကြောင်းအပြင် စိတ်ဝင်စားဖို့ကောင်းတာတွေကို မြင်တွေ့ခံစားရမှာပါ။ တကယ်ကိုမိုက်တဲ့ ဝတ္ထုဖြစ်လို့ ဖတ်ကြည့်စေချင်ပါတယ်။