ပန်းနုရောင်ပြန်

နိုရာဆောင်း

800 Kyats ကျပ်
နှင်းရည်အောင် က ဖခင်ရဲ့ သူငယ်ချင်း ဦးချစ်ခိုင်တို့ မိသားစုအိမ်မှာနေပြီး တက္ကသိုလ်တက်ဖြစ်တယ်။ ဦးချစ်ခိုင်မှာ ကိုကိုနဲ့ ညီညီဆိုပြီး သားနှစ်ယောက်ရှိတယ်။ အစတုန်းက ကိုကိုဟာ နှင်းရည်အောင်ကို သိပ်သဘောမကျပေမဲ့ နောက်ပိုင်းမှာတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ညီညီကတော့ နှင်းကို စပြီးမြင်တွေ့ကတည်းက သဘောကျနေတာ။ နှင်းရည်အောင် ကို မမနှင်းလို့ခေါ်ပြီး ချစ်နေမိသူပေါ့လေ…။ ညီညီရဲ့ မိခင်ကတော့ နှင်းကို သိပ်သဘောမကျဘူး။ ဒီလို၊ သူများအိမ်မှာ လာနေပြီး တက္ကသိုလ်တက်နေရတဲ့ နှင်းတစ်ယောက် ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုထိတ်လန့်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြည်နူးစရာတွေကို ကြုံတွေ့ရဦးမလဲ..? ဘယ်သူနဲ့ နှလုံးသားချင်းနီးစပ်လာမလဲ…? ဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။