မေတ္တာတို့ပေါင်းစုရာ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
ဆရာမနိုင်းနိုင်းစနေ၏ 'မေတ္တာတို့ ပေါင်းစုရာ'သည် မိဘမေတ္တာဖွဲ့ စာစုများ ဖြစ်လေသည်။ သားသမီးတို့၏ လက်ဦးဆရာဖြစ်ကုန်သော၊ ဗုဒ္ဓမြတ်စွာနှင့် တစ်ဂိုဏ်းတည်း ထားထိုက်သော၊ အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြသော၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် မိဘတို့၏ မေတ္တာသည် ဖွဲ့၍ကုန်နိုင်မည် မထင်၊ ပြော၍ ကုန်နိုင်မည် မထင်။ ဤကမ္ဘာလောကကြီးကို ချစ်ခြင်းမေတ္တာတို့ဖြင့် ပေါင်းစုထားသည်ဆိုလျှင် ဤဖြူစင်သော ချစ်ခြင်းမေတ္တာသည်ကား မိဘတို့၏ မေတ္တာတရားသာလျှင် ဖြစ်ပေတော့မည်။ ဤ စာအုပ်တွင် အမေဖွဲ့မေတ္တာများသာမက အဖေဘွဲ့ ချစ်ခြင်းမေတ္တာစာစုများကိုလည်း ထည့်သွင်းပေးထားရာ မိဘတို့၏ မေတ္တာကို နက်နက်နဲနဲ ခံစားတတ်စေမည် ဖြစ်သည်။ မေတ္တာတို့ပေါင်းစုရာ (စာစုများ) နိုင်းနိုင်းစနေ