ကျေးဇူးပြုပြီး မေမေ့ကို ကြည့်ရှုစောင့်ရှောက်ပါ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
လူတိုင်းမှာ အမိအဖ ရှိကြပါတယ်။ ဒီလိုပဲ မိသားစုဆိုတာလည်း ရှိကြပါတယ်။ အမိအဖ မိသားစုထဲကနေ ပေါက်ဖွား လာတဲ့ လူတိုင်းအတွက် အချိန်လွန်မှ .... အချိန်လွန်မှဆိုတာ သြော် ... ငါဒါတော့ မလုပ်မိလိုက်လေခြင်း ဆိုပြီး နောင်တတရားတွေ ရတတ်တာမျိုး ရှိပါတယ်။ အဲဒီထဲမှာမှ မိခင်ဖြစ်သူနဲ့ ပတ်သက်ပြီး သားသမီးတွေ သတိမမူမိ၊ သာမန်လျှံကာ ဖြစ်ခဲ့မိတာတွေအပေါ် မိခင်ဖြစ်သူ မရှိတော့ဘူး ဆိုတဲ့ အခါကျမှ သြော် ... ဒါတော့ ငါ့အမေကို ငါ မလုပ်ပေးလိုက်မိဘူးပဲ၊ ငါ့အမေအပေါ် ငါ ဒီလို ဖြစ်ခဲ့မိတာပဲ လို့ နောင်တတရားတွေ ရတတ်တာမျိုးလည်း ကြုံရတတ်ပါတယ်။ နိုင်းနိုင်းစနေရဲ့ ဒီစာအုပ်လေးကတော့ အဲဒီလို နောင်တတွေ မရကြရအောင် အသိတရားပေးမယ့် စာအုပ်လေးပါ။ မိခင်ဖြစ်သူ ပျောက်ဆုံးသွားတဲ့ မိသားစုမှာ အဲ့ဒီအခါကျမှ သားသမီးတွေဟာ အမေနဲ့ပတ်သက်ပြီး တစိမ့်စိမ့် ပြန်တွေးမိတာလေးနဲ့အတူ စာဖတ်သူတို့ကို အချိန်လွန် နောင်တတွေမရဖို့ ဒီစာအုပ်က အသိတရား ရစေပါလိမ့်မယ်။