ဣတ္ထိယစည်း

တြိသင်္ခ

800 Kyats ကျပ်
ဂန္ဓာရီလမ်းစဉ်တွေ၊ ကျင့်စဉ်တွေက အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်နော်။ နောက်ပြီး ဝိဇ္ဇာတွေ၊ ဇော်ဂျီတွေအကြောင်းကို ဖတ်ရတာလည်း စွဲလမ်းဖို့ကောင်းတယ်။ ဒီဝတ္ထုထဲမှာ အဲဒီလမ်းစဉ်တွေအကြောင်းကို အသေးစိတ်ရှင်းပြထားပါတယ်။ ဇာတ်လမ်းမှာ ရသေ့ခိုတောင် ဆရာတော်နဲ့ မဟာမြိုင်ရွာက နီမောင်၊ ငမဲအောင်၊ စောထီးတို့အပြင် မြလေးနွယ်အကြောင်းကိုမြင်ရမှာ။ သူတို့နဲ့အတူ ရသေ့ခိုတောင်က သိုက်စောင့်တွေ၊ အဖျက်ဝိဇ္ဇာတွေကြောင့် အသက်ဆုံးရှုံးခဲ့သူတွေ၊ မြေလျှောက်ဝိဇ္ဇာတွေ၊ ဖိုထိုးတာတွေနဲ့ ထူးဆန်းတဲ့ ကျောက်လက်ဝါးဂူအကြောင်းကိုလည်း ဖတ်ရှုမယ်။ ဂန္ဓာရီလမ်း၊ ကျင့်စဉ် စခန်းကို တက်လှမ်းနေကြသူတွေအတွက် ဘယ်လိုအရာတွေလိုအပ်လဲ၊ ဘယ်လိုအခက်အခဲတွေရှိမလဲ၊ နောက်ပြီး မကောင်းမှုကျူးလွန်တဲ့ ဓားပြဗိုလ် ဗိုလ်မှိုင်းညိုတို့ရဲ့ မရှုမလှ ဇာတ်သိမ်းတွေကိုဖတ်ရတာကလည်း တကယ်ကိုအံ့ဩစရာပါ။ ဖတ်ရှုခံစားကြည့်ကြပါဦး။