သရဲကုန်းအင်း

တြိသင်္ခ

800 Kyats ကျပ်
သရဲကုန်းအင်းတဲ့ ! နာမည်အတိုင်း တကယ်ကိုကြောက်ဖို့ကောင်းတဲ့ အင်းပါ။ နာနာဘာဝတွေ အရမ်းပေါတယ်။ နေ့ခင်းကြောင်တောင်တောင် သရဲမြင်ရတဲ့အထိကို ပေါတာ။ နည်းနည်းမှ သရဲမကြောက်ဘူး ဆိုသူတွေတောင် ကြောက်ရတဲ့နေရာ။ သူတို့ အကြောက်ရဆုံးကတော့ အင်းစောင့်သရဲကြီးပဲ။ သူ့ကိုမလေးမစား၊ ဂရုမပြုတဲ့သူက အန္တရာယ်တစ်ခုခု ကြုံကိုကြုံရတယ်။ အင်းတင်မဟုတ်ဘူး။ နောက်ထပ်ကြောက်ရသေးတာက သရဲကုန်းရွာ။ သူကြီးဖြစ်သူက အရင်တုန်းက လူဆိုးလူမိုက် သံပချိုင့်။ ရွာမှာ လူမိုက်၊ ဒုစရိုက်သမားတွေလည်း ပေါတယ်။ သရဲကုန်းဌာနဆိုတာ ဘယ်ပုလိပ်မှ မြဲမြဲမနေနိုင်အောင်ကို ကြမ်းတမ်းတဲ့နေရာ။ ဒီဝတ္ထုထဲမှာ အဲဒီလိုနေရာတွေနဲ့ပတ်သက်ပြီး နီမောင်၊ ဒေါက်တာမင်းထင်ကျော်တို့လူစု ဘယ်လိုမျိုး လျှို့ဝှက်ကိစ္စတွေ လုပ်ကြမလဲ ? ဂမ္ဘီရဆန်တာ ဘာတွေဖြစ်ဦးမလဲ ? အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ ဝတ္ထုဇာတ်လမ်းပါပဲ။ ဒီတော့၊ စာချစ်သူတို့လည်း ဝန်ဇင်းနဲ့အတူ သရဲကုန်းအင်းကြီးကို သွားကြည့်လိုက်ရအောင် !