နဝမမြောက်ကျောက်ပြဒါးလမ်း

တြိသင်္ခ

800 Kyats ကျပ်
ဇာတ်လမ်းအစမှာတော့ နီမောင်တို့ လူတစ်စုက သေမင်းတမန်ရထားလမ်းဖောက်တဲ့အထဲ ချွေးတပ်သားအဖြစ်ပါလာတယ်။ စစချင်းကြုံရတဲ့ အဖြစ်အပျက်က ချွေးတပ်သားမှတ်ကြီး ငှက်ဖျားဖြစ်ပြီး တဖြည်းဖြည်း ပိန်ကပ်လာတယ်။ တစ်ညမှာတော့ မှတ်ကြီး က ငုတ်တုတ်ထထိုင်ပြီး ရိက္ခာဂိုဒေါင်ထဲကို သွားတယ်။ ဂျပန်စစ်သားက လှံစွပ်နဲ့ ထိုးတာတောင် မှတ်ကြီးက ဘာမှမဖြစ်ဘူး။ ဒီတော့ ဂျပန်စစ်သားက မှတ်ကြီးကို ခေါင်းဖြတ်လိုက်ရော… သိပ်မကြာဘူး ဂျပန်စစ်သားနဲ့ ချွေးတပ်သားတွေ ခေါင်းပြတ်သရဲရဲ့ ခြောက်လှန့်မှု၊ တံတားပေါ်က တွန်းချမှုတွေကို ခံရတော့တာပဲ။ နောက်တော့ ချွေးတပ်သားထဲ အနာဂတ်ကို ကြိုသိနေတဲ့ ဆာဒူးကြီးတစ်ယောက် ပါလာတယ်။ သူက ရည်ရွယ်ချက်တစ်ခုနဲ့ ချွေးတပ်ထဲကို လိုက်လာတာ။ သူပြောတာကတော့ ခေါင်းပြတ်သရဲကြောင့် လူတွေသေခဲ့သလို တံတားတစ်စင်း ထပ်ဆောက်တဲ့အခါမှာလည်း လူတွေအများကြီး သေကြရဦးမယ်တဲ့… ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်တွေ ထပ်ဖြစ်မလဲဆိုတာတော့ ဝတ္ထုထဲမှာခံစားကြည့်ကြပါနော်။