တေစၦေဈး

တြိသင်္ခ

600 Kyats ကျပ်
ဒီဝတ္ထုကစလာကတည်းက ခပ်ဆန်းဆန်းဗျ။ ပါလီမန်အမတ်ကြီး ဦးရွှေကြူရဲ့အိမ်ကို အခေါင်းတင်တဲ့ လှည်းတစ်စီး ရောက်လာတယ်။ ဒါပေမဲ့၊ အလောင်းလာတောင်းတာတော့ မဟုတ်ဘူး။ အလောင်းလာပေးတာတဲ့။ ဘယ်သူ့အလောင်းလဲဆိုတော့ ဦးရွှေကြူရဲ့ အလောင်းပါတဲ့။ ဒါက ဆန်းပေမယ့် သိပ်တော့မဆန်းသေးဘူး။ လုံးဝထူးဆန်းတာက အခုမှစတာ … ဦးရွှေကြူ ဘယ်လိုသေတာလဲဆိုတော့ အတွင်းဝန်ရုံးကထွက်လာချိန် အပြင်ဘက်ရောက်ပြီး မကြာခင်မှာပဲ တစ်ကိုယ်လုံး မီးထတောက်ပြီး သေခဲ့ရတာပါတဲ့