ပြင်ဒရယ်မှ ဝိညာဉ်သင်္ချိုင်း

တွိစက်ခ

800 Kyats ကျပ်
တချို့နေရာတွေမှာ ပရလောကသားတွေ ဘယ်လောက်အထိ အခြောက်အလှန့် ကြမ်းသလဲဆိုရင် နေ့ခင်းကြောင်တောင်ကြီးတောင် ခြောက်လှန့်တာတွေရှိတယ်နော်။ နယ်တွေဖက်က လူသူအသွားအလာကြဲတဲ့ နေရာတချို့ဆိုရင် လူအုပ်စုနဲ့သွားလည်း အခြောက်အလှန်ခံရတာရှိတယ်လေ။ ဒီစာအုပ်ကလည်း တကယ်ကို အခြောက်အလှန်ကြမ်းတဲ့ ရွာကြီးတစ်ရွာအကြောင်း ပြောပြထားတာပါ။ ယခင် ဗိုလ်ကလေးမြို့နားတဝိုက်က ညတွင်းချင်း တစ်ရွာလုံး လှိုင်းလုံးအောက်မှာ ပျောက်သွားခဲ့တဲ့ ပြင်ဒရယ် ရွာကြီးနေရာအကြောင်းပေါ့။ အဲဒီနေရာက လာတဲ့လူတိုင်း အခြောက်အလှန့်ကြမ်းသလို အသက်ဆုံးရှုံးကြရတဲ့အထိ နာမည်ကြီးတယ်။ ဘာကြောင့်များ အဲဒီလောက် ကြမ်းနေရတာလဲ ? ဘယ်လောက်အထိ ကြောက်ဖို့ကောင်းမလဲ ဆိုတာ ဖတ်ကြည့်လိုက်တော့ဗျို့ ! ဖတ်ပြီးရင် ဘယ်လိုနေလဲ ပြန်ပြောပြဦးနော် ...