မေရုသကကျိန်စာ

တွိစက်ခ

800 Kyats ကျပ်
အားလုံးမျှော်နေကြတဲ့ ဒေါက်တာမင်းထင်ကျော်လာပါပြီ ! ဇာတ်လမ်းအစက ထူးဆန်းတဲ့ သတင်းတစ်ပုဒ်ကစတယ် ဆိုရမှာပေါ့။ ငါ့လက်ကလွတ်ရင်ပြီးရော ဆိုတဲ့သဘောနဲ့ လာရောင်းသွားတဲ့ ပတ္တမြားတစ်လုံးကို ဝတ်ဆင်မိလို့ ရုပ်ပျက်ဆင်းပျက် ပိန်ချုံးပြီးသေသွားတဲ့ သတင်းအကြောင်းပဲ။ နောက်ထပ်လည်း၊ အဲဒီပတ္တမြားကြောင့် လူထပ်သေပြန်တယ်။ ဒီတော့ ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ ဒေါက်တာမင်းထင်ကျော်ကတော့ အဲဒီပတ္တမြားကို မရရတဲ့နည်းနဲ့ စူးစမ်းတော့မှာ။ ဆရာတြိစက္ခရဲ့ ဝတ္ထုတိုင်းမှာ စာဖတ်သူအတွက် စိတ်ဝင်စားစရာ ကောင်းပြီး သုတရသ တစ်ခုခုကို အမြဲပေးထားနိုင်သလိုပဲ၊ ဒီဝတ္ထုမှာဆိုရင် ရှေးက မြန်မာသမားတော်ကြီးတွေ အဆိုပြုတဲ့ ဓာတ်ပညာ၊ ပတ္တမြားနဲ့ ပတ်သက်တဲ့ သုတတွေကိုလည်း တဝကြီး ဖတ်နိုင်ဦးမှာ ဖြစ်ပါတယ်။