မိစၧာႀတိဂံမွတေစၧ

တြိစက္ခ

800 Kyats ကျပ်
ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ တချို့နေရာတွေနဲ့ တချို့ကိစ္စရပ်တွေက ဖြေရှင်းလို့မရသေးသလို၊ ခေတ်အဆက်ဆက်လည်း အဖြေရှာလို့ မရခဲ့ကြပါဘူး။ တချို့နေရာတွေဆိုရင် ပါးစပ်ရာဇဝင်သာသာလို့တောင် အသတ်မှတ်ခံထားရပါတယ်။ အဲဒီထဲမှာမှ သိပ္ပံပညာရှင်တော်တော်များများ စိတ်ဝင်စားတဲ့နေရာက မိစ္ဆာတြိဂံလို့ ခေါ်ကြတဲ့ ဘာမြူဒါတြိဂံနဲ့ တစ္ဆေပင်လယ်လို့ အမည်ပေးခံထားတဲ့ နဂါးတြိဂံတို့နှစ်ခု အပါအဝင်ပါပဲ။ >> အဲဒီတြိဂံတွေနဲ့ ပတ်သက်ပြီး စိတ်နယ်လွန် ပညာတွေ၊ အကြားအမြင် ပညာတွေ၊ တွေးခေါ်ယူဆချက်တွေ၊ တိုးတက်ခေတ်မီတဲ့ သိပ္ပံပညာနဲ့ အဖြေရှာဖို့ ကြိုးစားကြပေမယ့် ဒီနေ့အထိ အဖြေရှာလို့ မရကြသေးပါဘူး။ ဒီစာအုပ်က အဖြေရှာမရတဲ့ တြိဂံတွေထဲက မိစ္ဆာတြိဂံအကြောင်း၊ ပြီးတော့ သူနဲ့ပတ်သက်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ အကြောင်းကို ရေးထားတာပါ။ ထူးဆန်းထွေလာဖြစ်ရပ်တွေနဲ့ သဘာဝလွန်ဖြစ်စဉ်တွေကို သဘောကျတဲ့ စာဖတ်ပရိသတ်တွေအတွက်တော့ တကယ်ကို ဖတ်လို့ကောင်းစေမယ့် စာအုပ်ဖြစ်လို့ ဝန်ဇင်းကနေ တင်ဆက်ပေးလိုက်ပါတယ်။