မာန်စွယ်ဖွေးဖွေး

တွိစက်ခ

800 Kyats ကျပ်
>> ကျိုက်ထီးရိုးတောင်နဲ့ တောင်ရဲ့ အနီးအနားတဝိုက်က နတ်ကြီးတယ်လို့ ပြောကြတာ ကြားဖူးတယ်မလား။ တကယ်လည်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံဖူးတဲ့သူတွေ ရှိကြတယ်လေ။ ဒီစာအုပ်ထဲက ဇာတ်လမ်းကလည်း ကျိုက်ထီးရိုးတောင်နဲ့ ကျိုက်ထီးရိုးတောင်တဝိုက်ကို အခြေပြုထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မန္တလေးနေပြည်တော်ကနေ ထွက်ပြေးလာတဲ့ ဦးကြာရုံတို့မိသားစုနဲ့ ဆေးဆရာကြီး ဘိုးသက္ကတို့က မွန်ပြည်နယ်ထဲက ကြခတ်ဝိုင်းရွာမှာ ဇာတ်မြှုပ်နေကြတယ်။ >>> မွန်ပြည်နယ်ရောက်မှ ဘိုးသက္ကက ဂူအောင်းတရားကျင့်တော့တာပဲ။ အဲဒီမှာ ရတနာတွေကို စောင့်ရှောက်နေရတဲ့ ညီအမသုံးယောက်နဲ့ တွေ့ရတယ်။ ညီအမသုံးယောက်က ဦးကြာရုံရဲ့သားသမီးနှစ်ယောက်ဖြစ်တဲ့ မောင်မင်းသူနဲ့ မနှင်းဖြူကို ဆွေမျိုးအရင်းတွေလို့ ပြောနေတယ်။ ကာယကံရှင်တွေကိုယ်တိုင် အကြောင်းအရင်း သေချာမသိဘဲ ဂမ္ဘီရဆန်းကြယ် အဖြစ်အပျက်တွေကို ဒီစာအုပ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းအောင် တွေ့ရပါလိမ့်မယ်။