မဟူရာပုလဲနက်

တွိစက်ခ

800 Kyats ကျပ်
ဒေါက်တာမင်းထင်ကျော်က ပင်လယ်ရေအောက် ရတနာရှာတဲ့လောကမှာ နာမည်ကြီးပဲဗျာ။ နောက်ပြီးသူက ဖြောင့်မတ်တဲ့လူ။ တစ်နေ့ သူ့ဆီကို ထင်မောင်ဆိုတဲ့ လူတစ်ယောက်ရောက်လာတယ်။ သူလည်း တစ်ချိန်က ဒေါက်တာမင်းထင်ကျော်တို့လို အလုပ်လုပ်တာတဲ့ ! ပုလဲနက်တစ်လုံးကို ထုတ်ပြပြီး ပုလဲနက် သင်္ချိုင်းအကြောင်း ပြောပြတယ်။ ပူးပေါင်းပြီး အလုပ်လုပ်မလားပေါ့။ ဇာတ်လမ်းက အဲဒီမှာစတာပဲ။ ပုလဲနက် သင်္ချိုင်းကိုတွေ့ဖို့က သူတစ်ယောက်နဲ့ မပြီးဘူး။ နာတာလန်း ဆိုတဲ့ လူတစ်ယောက်လည်း လိုသေးတယ်။ အဲဒီလူဆီမှာလည်း ပုလဲနက်တစ်လုံး ရှိနေတာ ! သိပ်မကြာပါဘူး။ စမင်လူမျိုးဖြစ်တဲ့ နာတာလန်းက ဒေါက်တာမင်းထင်ကျော်တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့။ အဲဒါနဲ့ သူတို့ စပြီး စွန့်စားခန်းဖွင့်ကြတော့တာပဲ။ စမင်လူမျိုးတွေအကြောင်း၊ ပုလဲနက်အကြောင်းတွေ ဖတ်ရတာ တော်တော်လေးလည်း ဗဟုသုတရပါတယ်။ Adventures ဇာတ်လမ်း သည်းထိတ်ရင်ဖို စွန့်စားခန်းတွေနဲ့ သုတရောရသပါ ရချင်တယ်ဆိုရင် ဒီဝတ္ထုကို ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါလို့ ..