မရဏထောင်ချောက်

တွိစက်ခ

800 Kyats ကျပ်
အင်္ဂလိပ်လက်ထပ်မှာ ဦးဘကျော်သာနဲ့ ဦးရန်နိုင်တို့က နာဂတောင်တန်းဒေသမှာ တာဝန်ကျတယ်။ ဆေးတွေလိုက်ကုပေးရတယ်ပေါ့။ တစ်နေ့တော့၊ ကိုင်းလုံဆိုတဲ့ တိုင်းရင်းသားကို ဆေးကုပေးရင်း လက်ဆောင်အနေနဲ့ ပလက်တီနမ် သတ္တုတစ်လုံး ရလာတယ်။ နောက်တော့၊ နာဂတောင်တန်းထဲက လူမျက်နှာနဲ့တူတဲ့ ကျောက်တောင်ကြီးအကြောင်း၊ ကျောက်သွေးတွေအကြောင်း၊ တောင်ကြီးထဲက ရတနာတွေအကြောင်းတွေပါ သိလာကြတယ်။ ဆယ့်ငါးနှစ်လောက်ကြာပြီးတော့ ဒေါက်တာမင်းထင်ကျော်ဆီ စာဝင်လာတယ်။ လူမျက်နှာနဲ့တူတဲ့ တောင်ကြီးကို တွေ့ခဲ့တဲ့သူတွေက မသမာတဲ့ ဒုစရိုက်ဂိုဏ်းတွေကြောင့် ဒုက္ခရောက်နေသတဲ့ ! အဲဒီအခါ ဒေါက်တာမင်းထင်ကျော်က တတ်နိုင်သလောက် အကူအညီတွေယူပြီး နာဂတောင်တန်းတွေဆီ သွားတဲ့အခါမှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို ဖတ်ရမှာပါ။ တောတောင်အကြောင်းတွေ၊ ဂမ္ဘီဆန်တဲ့ အဖြစ်အပျက်တွေ၊ နာဂလူမျိုးတွေရဲ့အကြောင်းတွေ၊ ဒုစရိုက်ဂိုဏ်းကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ ? စိတ်ဝင်စားစရာအပြည့်နဲ့ ဂမ္ဘီရဝတ္ထုမို့ ဖတ်ကြည့်စေချင်ပါတယ်။