လိပ်ပြာဝိညာဉ်အကျဉ်းသား

တွိစက်က

800 Kyats ကျပ်
>> ဦးအောင်ခိုင် က လက်တွေ့သမား၊ ဝိညာဉ်၊ လျှို့ဝှက်ဆန်းကြယ်မှုတွေကို လက်မခံသူ။ တစ်နေ့ ၊ သူဟာ သစ်ခွစိုက်ရတာ ဝါသနာပါတဲ့ သူ့မိသားစုအတွက် လက်ဆောင်ရတဲ့ သစ်ခွပန်းတစ်မျိုးကို အိမ်ကိုယူလာခဲ့တယ်။ အဲဒီသစ်ခွပန်းဟာ လိပ်ပြာနက်ကြီးတစ်ကောင်နဲ့ ဆင်တူသလို သစ်ခွပန်း အိမ်ကိုရောက်လာပြီး သိပ်မကြာခင်မှာပဲ ဇနီး စောမြမူဟာ ကျန်းမာရေးညံ့ဖျင်းလာပြီး အထိတ်တလန့်ဖြစ်ကာ ဆုံးပါးသွားခဲ့တယ်။ တိုက်ဆိုင်တယ်လို့ပဲဆိုရမလား စောမြမူဆုံးပြီး သိပ်မကြာခင်မှာ ကျောက်ပြားနက်ကြီးတစ်ချပ် သူတို့ဆီကို ရောက်လာခဲ့တယ်။ အဲဒီ ကျောက်ပြားကြီးပေါ်မှာ ပန်းချီကားသဖွယ် ထင်ဟပ်နေတဲ့ အသက်ဝင်နေတဲ့ ပုံရိပ်တွေကို စောမြမူရဲ့ သမီးမြသီတာဟာ သတိထားမိသွားတယ်။ ပုံရိပ်ထဲမှာ သစ်ခွလိပ်ပြာနက်ကြီးတွေ၊ ရတနာပစ္စည်းတွေလည်း ပါဝင်နေသေးတယ်တဲ့။ >> ပန်းချီဆရာလေး မင်းဝေပြောပုံအရတော့ ပန်းချီကားထဲက နေရာဟာ အပြင်မှာ တကယ်ရှိလောက်တယ်တဲ့။ ဒီတော့ ဦးအောင်ခိုင်တို့ မိသားစုနဲ့ မင်းဝေဟာ အသက်ဝင်နေတဲ့ ပန်းချီကားထဲကနေရာကို ရှာဖွေဖို့စတင်ကြိုးစားတဲ့အခါ… နောက်ပိုင်းမှာ ဘယ်လိုသည်းထိတ်ရင်ဖိုစရာ အဖြစ်အပျက်တွေ၊ သဘာဝလွန် ပြဿနာတွေ၊ စိတ်ဝင်စားစရာတွေ၊ ရင်ခုန်စရာတွေကို ကြုံတွေ့ရမလဲဆိုတာတော့… ဝတ္ထုထဲမှာ ဆက်ပြီးဖတ်ရှုခံစားကြည့်ကြပါနော်။