ကန္တာရနှင်းဆီနက်

တွိစက်က

800 Kyats ကျပ်
ဝတ္ထုအစမှာ ဒေါက်တာမင်းထင်ကျော်တို့ လူတစ်စုက တောတွေတောင်တွေထဲ အမဲလိုက်ထွက်ကြတယ်။ နောက်တော့ ဂူတစ်ဂူထဲမှာ ဝင်နားကြတယ်။ အဲဒီဂူထဲမှာ လျှာဖြတ်ခံထားရတဲ့ ဇော်လဆိုတဲ့လူနဲ့ တွေ့ခဲ့ရပါတယ်။ သူလျှာဖြတ်ခံရပုံကို သိခဲ့ရတယ်။ ဒေါက်တာမင်းထင်ကျော် ပိုပြီးစိတ်ဝင်စားသွားတာက ဇော်လကို လျှာဖြတ်တဲ့၊ သဲကန္တာရထဲက လူကိုယ်ခန္ဓာနဲ့ ကုလားအုတ်မျက်နှာရှိတဲ့ ထူးဆန်းရက်စက်တဲ့ လူတွေအကြောင်းပါ။ သိပ်မကြာပါဘူး။ တာဝန်ထမ်းဆောင်စရာ ကိစ္စတစ်ခု ပေါ်လာတယ်။ ကုလားအုတ်မျက်နှာနဲ့ တူတဲ့လူတွေရှိတဲ့ ရစ်စတန်ဆိုတဲ့ ရွာကိုသွားဖို့ပါ။ အဲဒါနဲ့အတူ ကိုဟီးနိုးစိန်ကြီး တစ်လုံးအကြောင်းကိုလည်း စုံစမ်းရမှာ။ အစီအစဉ်အောင်မြင်ရင် ဝန်ထောက်ရာထူးတစ်နေရာနဲ့ ငွေသားတစ်သိန်း၊ ရွှေတစ်ဆယ်သား ချီးမြှင့်မယ်ဆိုတော့ တာဝန်က သိပ်တော့မလွယ်လောက်ဘူးပဲ။ ဒေါက်တာမင်းထင်ကျော်တစ်ယောက် ခရီးလမ်းမှာ ထူးဆန်းမှုတွေ၊ ဂမ္ဘီရဆန်တဲ့ အဖြစ်အပျက်တွေ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကောင်းမွန်လှတဲ့ စိတ်ထားတွေကိုပါ မြင်တွေ့ရဦးမလဲ ? သည်းထိတ်ရင်ဖို စွန့်စွန့်စားစား ဘာတွေကြုံရဦးမလဲဆိုတော့ !