မဟူရာရန်စွယ်

တွိစက်က

800 Kyats ကျပ်
ဆွမ်ကိန်းနဲ့ဟန်လိုင်းလား ရွာနှစ်ရွာက လုံးဝမတည့်ကြပါဘူး။ နောက်တော့ ဆွန်ဟိန်းရွာခေါင်းကြီး ဦးလဖော်နဲ့ဟန်လိုင်းလား ရွာခေါင်းကြီး ဦသက္ကတို့က သူတို့သားသမီးတွေကို ပေးစားပြီး နှစ်ရွာ့တစ်ရွာလုပ်ဖို့ စီစဉ်လိုက်ကြတယ်။ အစတုန်းကတော့ ဦးသက္ကရဲ့ သမီးနန်းသူဇာနဲ့ ဦးလဖော်ရဲ့ သားကြီးသူရကို ပေးစားမလို့ပဲ။ နောက်တော့ အေးအေးဆေးဆေးရှိပြီး ထူးချွန်ထက်မြတ်တဲ့ ကျော်စွာနဲ့ပဲ ပေးစားဖို့စီစဉ်ဖြစ်သွားတယ်ဆိုပါတော့ ! ဒီလိုနဲ့ သူတို့တွေ ရွာပြန်လာတဲ့အချိန်မှာ ထမန်းကျားလိုလို၊ တောကောင်လိုလို ကောင်ကရွာထဲဝင်လာပြီး သောင်းကျန်းသွားသလို၊ ရွာသားတစ်ယောက်ကိုလည်း ကိုက်ချီသွားတယ်တဲ့ ! ဒီတော့ ဦးလဖော်က သူ့သားတွေကို အဲဒီအကောင်ကို နှိမ်နင်းဖို့ ခိုင်းစေလိုက်ပြီးတဲ့နောက် … သရဲတစ္ဆေတွေရှိတယ်၊ ထမန်းကျားရှိတယ်လို့ နာမည်ကြီးတဲ့ ‘ဟူးကောင်းတောင်ကုန်း’ ပေါ်က သင်္ချိုင်းဟောင်း၊ ရတနာရှစ်ပါးနဲ့ ပြည့်စုံတဲ့ ကျောက်မျက်ရှင်လည်ဆွဲ ! အားလုံးက စိတ်ဝင်စားစရာချည်းပဲမို့ အချိန်ရရင် ဖတ်သာကြည့်တော့ဗျို့။