အိပ္မက္ဆုိး ဝတၳဳတုိမ်ား

ကြူးနှစ်

600 Kyats ကျပ်
ဝတ္ထုတိုရွှေခေတ်လို့ အမှတ်သညာပြုကြရတဲ့ ကာလကနေ အခုအချိန်အထိ ထင်ရှားတဲ့ ဝတ္ထုတိုစာရေးဆရာတွေထဲမှာ ဆရာကြူးနှစ်ဟာ ထိပ်တန်းက ပါဝင်ပါတယ်။ မဂ္ဂဇင်းစာမျက်နှာတွေမှာ ဝတ္ထုတိုပေါင်းများစွာကို တစိုက်မတ်မတ် ရေးသားခဲ့တဲ့ ဆရာကြူးနှစ်ကို ဝတ္ထုတိုသမားလို့ သီးခြားဝိသေသ တပ်မယ်ဆိုရင်လည်း ဘယ်သူမှ အငြင်းပွားနိုင်မယ် မထင်ပါဘူးနော်။ အခု မိတ်ဆက်ပေးမယ့် အိပ်မက်ဆိုးဝတ္ထုတိုများဟာ (၂၀၀၈) ခုနှစ် ပတ်ဝန်းကျင် နောက်ပိုင်းကာလတွေမှာ ရေးသားခဲ့တဲ့ စာမူတွေကို ပြန်လည်စုစည်းထားတာပါ။ နှိုးဆွလှုံ့ဆော်စိတ် အခြေခံနဲ့ ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုတိုတွေဟာ စာပေသဘောတရား သီအိုရီဘောင်တွေထဲက အရေးအဖွဲ့တွေတော့ မဟုတ်ပါဘူး။ ရေးဖွဲ့စဉ် အခိုက်အတန့်အတွင်း သက်ဝင်ခံစားမှုနဲ့သာ ဖန်တီးထားတာတွေလို့ ယူဆနိုင်ပါတယ်။ ဆရာက သူ့ဝတ္ထုတိုတွေနဲ့ ဖတ်ရှုသူတွေကြားမှာ မမြင်ရတဲ့ ကြိုးတစ်ချောင်း ရှိတယ်လို့ ညွှန်းထားပါတယ်။ ကဲ ... ဆရာ့ဝတ္ထုတိုတွေကို ဖတ်ရင်း စာရေးသူနဲ့ စာဖတ်သူကြားက မမြင်ရတဲ့ ကြိုးတစ်ချောင်းကို ဖမ်းဆုပ်ကြည့်လိုက်ရအောင်နော်။