ကြယ်ကလေးရဲ့မေမေ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
‘ဒီမေမေ့ရင်ခွင်မှာ ပန်းကလေးတစ်ပွင့်၊ ကြယ်လေးတစ်စင်းလို မင်း ပြိုးပြက်ထွန်းစက်ခွင့် ရပါစေမယ်။ ငြိမ်းချမ်းဖို့သာ အဓိကပါနော်။ လောကမှာ မေတ္တာထက် နွေးထွေးတာ ဘယ်အရာမှ မရှိပါဘူး လူကလေးရယ်။ မေမေ့မှာ ငွေအသပြာ မရှိပေမယ့် ချစ်ခြင်းတရားတို့ စိုထွန်းရွှန်းမြ … မင်းဘဝ လုံခြုံရပါစေမယ် ကလေးရယ် …’ ဆိုတဲ့ ဝတ်မှုန်ခေါင်။ ဒီစာအုပ်ကတော့ ဆရာမ ကြယ်စင်မှူးဝေရဲ့ ပုံမှန်ရေးနေကျ အချစ်ဇာတ်လမ်းတွေထဲက ခွဲထွက်ပြီး ဘဝသရုပ်ဖော်ဆန်တဲ့ ရသမျိုးဘက် ပိုသွားပါတယ်။ အချစ်ဇာတ်လမ်းဆိုပေမဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ မိန်းမသားတစ်ယောက်ရဲ့ ဘဝအားမာန်နဲ့ ရုန်းကန်ဖြတ်သန်းမှုတွေကို ရသအားပြင်းပြင်း ပုံဖော်ထားတာမို့ အချစ်နဲ့ ဘဝ ရောစပ်တဲ့ ဇာတ်လမ်းမျိုးကို ဖတ်ချင်သူတွေအတွက် ရှယ်ပေါ့ခင်ဗျ။