အခ်စ္တေစၦ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
“အချစ်က တစ္ဆေလိုပဲ၊ ကျွန်မနှလုံးသား ဝိညာဉ်ကိုပူးသတ် စေတန်နတ်ဆိုးရဲ့ ယဇ်ပလ္လင်မှာ ကျွမ်းထိုးမှောက်ခုံ အသည်းတွေကြွေကျ ဘဝတွေကြေမွ အချစ်က ကျွန်မအတွက် ထာဝရတစ္ဆေ” - လွမ်းမိုခါး လွမ်းမိုခါးဆိုတာ တောစံပယ်ပွင့်လေး တစ်ပွင့်ပါ။ အနေရိုး၊ အစားရိုး၊ သဘောဖြူ အူစင်းလေး။ သူနဲ့ ဦးလင်းခိုက်ကို ဆုံခဲ့စေသူက လင်းတာရာ။ သူကတော့ ဦးလင်းခိုက်ရဲ့ သမီးလေး။ တစ်ခုလပ်လည်းဖြစ် ကလေးနှစ်ယောက်နဲ့ လုံးပမ်းနေရတာကိုမြင်တော့ လွမ်းမိုသနားပြီး ကူညီပေးမိတယ်။ အဲဒီလိုကနေ ပတ်ဝန်းကျင်က သတိပေးသလိုမျိုး၊ လွမ်းမိုတစ်ယောက် ဦးလင်းခိုက်နဲ့ ငြိသွားမလား ? နောက်ပြီး၊ လွမ်းမိုကို အမှတ်မထင် ကူညီပေးတတ်သလို သူဘယ်မှာ အလုပ်လုပ်နေမှန်းကအစ သိနေတဲ့ ဘုန်းထွဋ်ရှား။ သူနဲ့ လွမ်းမိုကရော ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲ ? နည်းနည်းလျှို့ဝှက်ပြီး ရင်ခုန်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမို့ ဖတ်ကြည့်ဦးနော် !