သက်ရင့်နှင်းဆီ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
“ယမုန်ခ” ဆိုတဲ့ ကောင်မလေးက ဒဂုံတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာ နောက်ဆုံးနှစ် ကျောင်းသူ။ ရွှေရေးပန်းဆက် နေရတဲ့ သူဌေးသမီးလေး မဟုတ်ပေမဲ့ ကိုကိုကြီးနဲ့ မေမေ့ရဲ့ မေတ္တာရိပ်အောက်မှာ နေမထိ လေမထိ နေခဲ့ရသူ။ ဖြူစင်ဝင်းနှစ်တဲ့ အသားအရေနဲ့ မျက်နှာလှလှလေးမှာ ကိုယ်လုံးသွယ်သွယ် ပြည့်ပြည့်လေးကို ပေါင်းစပ်လိုက်တော့ အချောအလှပေါ့။ “မြတ်သစ်ဘုန်း” ကတော့ ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်ပြီး မိန်းကလေးတွေကို ထည်လဲတွဲချင်သူ။ ဒီလိုလူစားမျိုးက ယမုန့်ကို ရောကော သောကောထဲထည့်ပြီး လိုက်နှောင့်ယှက် နေတာကတော့ ဒေါသဖြစ်ချင်စရာပါပဲ။ ယမုန့် သူငယ်ချင်း ဒေဝီနဲ့ ပုလဲမှာလည်း ကူရန်တွေ့ရတာ အမော။ မြတ်ဘုန်းသစ် ယမုန့်ကို နှောင့်ယှက်နေတာ တစ်လလောက်ရှိပြီ။ ဘေးလူတွေ ဘယ်လိုပြောပြော၊ အနေအေးတဲ့ ယမုန့်က ခါးခါးသီးသီး စကားတွေ မထွက်လာလို့လား မသိ၊ မြတ်သစ်ဘုန်း မဖြုံဘူး။ ရှေ့ဆက်တိုးနေတာပဲ။ ဒီလို ကောင်လေးနဲ့ ဒီလိုကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ပျော်စရာလား၊ ဝမ်းနည်းစရာလား၊ ဘယ်လို ဇာတ်လမ်းမျိုး ဖြစ်လာမလဲ ဆိုတာကတော့ …