မာယာနွံအိုင်

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
ပိုးဒေဝီဆိုတဲ့ မိန်းမချောလေးဟာ အသက်က (၁၉) နှစ်။ ပညာရေးကောလိပ်ကနေ ဆင်းခါစ ဆရာမပေါက်စလေး။ ကလေးရုပ်တောင် မပျောက်သေးတဲ့ကြားက ချောလည်းချော၊ ချစ်စရာလည်းကောင်း၊ အိမ်မှာ အငယ်ဆုံးမို့ ကလေးကလည်းဆန်၊ ချွဲကလည်း ချွဲတတ်။ စိတ်သဘောထား ဖြူစင်ပေမဲ့ နွဲ့ဆိုး ဆိုးတတ်ပါတယ်။ အိမ်သားတွေ အပေါ်မှာပေါ့။ ပိုးဒေဝီတို့ မိသားစုက သူဌေးသူကြွယ်ကြီးတွေ မဟုတ်ပေမဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ ခြံကလေးထဲမှာ သီးပင်၊ စားပင်၊ ပန်းပင်လေးတွေ စိုက်ထားပြီး ပျော်စရာပါပဲ။ ပိုးဒေဝီ တာဝန်ကျတဲ့ ကျောင်းကလေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းအုပ်ဖြစ်နေသူက စိုင်းသိင်္ခသူ။ ဆရာငယ်ငယ်ချောချောလေးနဲ့ ဆရာမငယ်ငယ်လှလှလေးတို့ရဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ …