ပျားရင့်ရောင် နှင်းဆီတစ်ပွင့်

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
နိုင်ငံခြားမင်းသားတစ်ယောက်လို ထောင်ထောင်မောင်းမောင်း တောင့်တောင်ဖြောင့်ဖြောင့် စတိုင်နဲ့ အညာသား နိုင်ဇော်။ နိုင်ဇော်က ရန်ကုန်မှာ ဥယျာဉ်ခြံလေးစိုက်ပျိုးပြီး ပန်းစိုက်ပျိုးရေး ကိုယ်ပိုင်လုပ်ငန်းနဲ့ အဆင်ပြေပြေ ဖြစ်နေပြီ။ တကယ်တော့ နိုင်ဇော်က သူဌေးသား။ သူ့အကြောင်းနဲ့သူ ရန်ကုန်မှာ အခြေချပြီး ပန်းစိုက်သမား လုပ်နေတဲ့သူ။ အဲဒီတစ်နေ့ နိုင်ဇော့် ဘဝထဲကို ပန်းကလေးတစ်ပွင့် ဝင်ရောက်လာခဲ့တယ်။ တောသူဟန်ပန် ကျက်ဆံမြီးလေးနဲ့ ကောင်မလေးက အိန္ဒြာကျော်ဇင်တို့၊ လှအဉ္ဇလီတင့်တို့၊ ပပဝင်းခင်တို့ကို ပေါင်းစပ်ရောမွှေထားသလို ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေး။ ရှင်အင်ကြင်းဆိုတဲ့ ဒီမိန်းကလေးက နိုင်ဇော့်ပန်းခြံထဲကနေ ပန်းဖောက်သည်ယူချင်လို့ လက်စွပ်လေးကို အပေါင်ထားပြီး တောင်းတောင်းပန်ပန် လာပြောခဲ့တာ။ နိုင်ဇော် သနားစိတ်နဲ့ ခွင့်ပြုပေးလိုက်တယ်။ အဲဒီနောက်မှာတော့ …