ပန်းစောင့်နတ်သမီး

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
မြပုန်းညက်ဆိုတဲ့ မိန်းကလေးက ပုပ္ပားရွာသူလေးပီပီ မယ်ဝဏ္ဏတို့ရဲ့ တိုင်းဌာနေသူလေးပီပီ ဝင်းဝါစိုပြည်တဲ့ အသားအရည်၊ ရှည်လျားကော့ညွှတ်တဲ့ မျက်တောင်က မျက်နှာကျလှလှလေးနဲ့ မျက်လုံးရွဲရွဲလေးကို ဖုံးထားလို့။ ချမ်းချမ်းသာသာ နေရမယ်ဆိုရင် တော်ဝင်အောင်လှမှာ ဖြစ်ပေမဲ့ အခုတော့ ပုပ္ပားနေပူပူ၊ နွေပူပူအောက်မှာ အပြေးအလွှား ဝမ်းရေးကို ရှာဖွေနေရသူ။ မြပုန်းညက်တို့ မိသားစုက ပုပ္ပားတောင်ကို အမှီပြုပြီး နေထိုင်စားသောက်ရသူတွေပေါ့။ အမေက မုန့်ဟင်းခါးရောင်း၊ မြပုန်းညက်က ခေတ်သစ်မယ်ဝဏ္ဏလေးပေါ့။ စကားဝါပန်းသည်၊ လက်တစ်ဖက်က ပန်းစကားကုံး ကိုင်ထားပြီး လက်တစ်ဖက်ကတော့ ငှက်ပျောကြော်၊ ဗူးသီးကြော်၊ ပဲကြော်၊ ပုစွန်ကြော်၊ ကြက်သွန်ကြော်တွေ ထည့်ထားတဲ့ အကြော်စုံခြင်းကြီးနဲ့။ ဒီလို ဘဝအခြေအနေ မလှတဲ့ မြပုန်းညက်လို မိန်းမလှလေးရဲ့ နှလုံးသားရေးရာကရော လှပလေမလား ဆိုတာကိုတော့ …