ပဆစ်အိမ်

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
‘မေတ္တာစံအိမ်’ ဆိုတာ ကျောင်းဆရာမ အပျိုကြီး ဒေါ်ယမင်းရွှေစင်ရဲ့ ကဗျာဆန်ဆန် အမည်ပေးထားတဲ့ အိမ်ကလေးပေါ့။ ဒီအိမ်ကလေးဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာက ဒေါ်ယမင်းရွှေစင်ရဲ့ တူမချောလေး သုံးယောက်။ တစ်ယောက်ချင်းစီက သူ့အလှနဲ့သူ။ ဖြူဖြူသွယ်သွယ် မှုန်ဥနေအောင်လှတဲ့ ဆောင်းယမုန်၊ ပြည့်ပြည့်တင်းတင်း ဝင်းဝင်းဖန့်ဖန့်နဲ့ လှနေတာကတော့ မိုးဝတီ၊ အပြစ်ကင်းစင်တဲ့ သိုးငယ်လေးလို ပုံစံလေးနဲ့ ကလေးဆန်ဆန်လှတဲ့ တူမလေးကတော့ မြယွန်းမှုန်။ အပျိုကြီးချောချောနဲ့ တူမလှလှလေးတွေ နေကြတဲ့ ‘မေတ္တာစံအိမ်’ ရဲ့ ခြံချင်းကပ်ဆီ ပြောင်းလာတာက ရဲတင်းသွက်လက်တဲ့ ကောင်လေးတစ်ယောက်ပါတဲ့ မိသားစု။ ကဲ … စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးနော်။ ဒီကောင်လေးရဲ့ အချစ်ပစ်မှတ်က ဘယ်သူ့နှလုံးသားကိုလဲ ဆိုတာကို ရင်တခုန်ခုန် ခံစားကြည့်ရအောင်။